မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှ သက်ကြီးဂီတပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် အလှူငွေများနှင့်စားသောက်ဖွယ်ရာများပေးအပ်လှူဒါန်း

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှ သက်ကြီးဂီတပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် အလှူငွေများနှင့်စားသောက်ဖွယ်ရာများပေးအပ်လှူဒါန်း

နေပြည်တော်၊ ဇန်နဝါရီ - ၁၁
    
မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှ သက်ကြီးဂီတပညာရှင်များ ပူဇော်ကန်တော့ပွဲ အတွက် အလှူငွေများနှင့်စားသောက်ဖွယ်ရာများပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာခန်းမ၌ ပြုလုပ်ရာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းမြင့်ခိုင် နှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဂီတအစည်းအရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
    
ဦးစွာ ဒုတိယတိုင်းမှူးက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားသည်။ ထို့နောက် သက်ကြီးဂီတပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် အလှူငွေကျပ် ၁၄၉ သိန်းနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးတင်ဦးလေးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။