မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စားသောက်ဖွယ်ရာများ ပေးအပ်၊ ဆေးရုံတက်ရောက် ကုသမှုခံယူနေသူများအတွက် ဆန်အိတ်များ လှူဒါန်း

နေပြည်တော်  ဖေဖော်ဝါရီ  ၁၄

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့်  မိသားစုဝင်များ အတွက် ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းချုပ် (YMBA)မှ စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီး  ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေး ခန်းမ၌ပြုလုပ်သည်။

ဦးစွာ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းချုပ်(YMBA)  ဒုတိယဥက္ကဋ္ဌ  ဒေါက်တာ အောင်မင်းကျော်သူက လှူဒါန်းရခြင်းနှင့် ပတ်သက်၍  ရှင်းလင်း ပြောကြားသည်။

ထို့နောက် ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းချုပ်( YMBA)ဥက္ကဋ္ဌ ဦးရဲထွန်းက လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသော ရဲတပ်ဖွဲ့ဝင်များအား ကျေးဇူးတင်စကား ပြောကြားပြီးမြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့ပြင်   ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူလျက်ရှိသော တပ်မတော်သား မိသားစုဝင်များနှင့်    ဒေသခံပြည်သူများ အတွက် စေတနာရှင် အလှူရှင်များက ပေးအပ်လှူဒါန်းသည့် ဆန် ၁ဝဝ အိတ်ကို အဆိုပါ ဆေးရုံသို့သွားရောက်ပေးအပ်လှူဒါန်းရာ ဆေးရုံတပ်မှူး ဗိုလ်မှူးချုပ်စိန်လင်းက လက်ခံရယူပြီး   ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။