မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံခြား စစ်သံမှူးများအား မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး အခြေအနေမှန်များ သိရှိနိုင်ရန် ရှင်းလင်းပွဲ ကျင်းပ

နေပြည်တော် ဧပြီ  ၉

မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး အခြေအနေနှင့် ပတ်သက်၍ အခြေအနေမှန်များ သိရှိစေရန် မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံခြား စစ်သံမှူးများအား တပ်မတော် သတင်းလွှာ (Information Sheet) ထုတ်ပြန်ရေး အဖွဲ့ က ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ ကုန်းမြင့်သာရှိ ရတနာသီရိ ဂေါက်ကလပ်၌ The Current Political Situation in Myanmar: The Facts and Evidence for International Community ခေါင်းစဉ် ဖြင့် ရှင်းလင်းပွဲ တစ်ရပ် ကျင်းပသည်။

ရှေးဦးစွာ တပ်မတော်သတင်းလွှာ (In- formation Sheet) ထုတ်ပြန်ရေးအဖွဲ့မှ ဗိုလ်မှူးကြီး အောင်ဇော်လင်းက အခမ်းအနား တက်ရောက်ကြသည့် နိုင်ငံခြား စစ်သံမှူးများအား တပ်မတော်သတင်းလွှာ ထုတ်ပြန်ရေး အဖွဲ့နှင့် မိတ်ဆက်ပေးသည်။

ထို့နောက်   တပ်မတော်သတင်းလွှာ ထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူတို့က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အနေဖြင့် ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲ၌ တစ်နိုင်ငံလုံးတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှု၊ မဲလိမ်မဲခိုးမှုများ ကြောင့် နိုင်ငံတော်၏ တာဝန်ကို ရယူထိန်းသိမ်းခဲ့ရသည့် အခြေအနေများ၊ နိုင်ငံအတွင်းရှိ အချို့မြို့ကြီးများ၌ ငြိမ်းချမ်းစွာဆန္ဒပြမှုအသွင်မှ အကြမ်းဖက်ဆူပူမှု အသွင် (Riot)၊ ၎င်းမှ မင်းမဲ့စရိုက်ဆန်သော လူအုပ်စု(Anarchy Mob)အသွင်၊ ထိုမှတစ်ဆင့် လက်နက်ကိုင် အကြမ်းဖက်သည့် (Insurrection) အဆင့်သို့ ကူးပြောင်းလာသည့် အခြေအနေများ၊ မင်းမဲ့စရိုက်အသွင် လက်နက်ကိုင် အကြမ်းဖက်မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် ပြည်သူပိုင်ရုံးများ၊ ရဲစခန်းများ၊ ရဲကင်းများ၊  စာသင်ကျောင်းများ၊ တံတားများ၊ လူနေအိမ်များ၊ စက်ရုံ/အလုပ်ရုံနှင့် အဆောက်အဦများ မီးရှို့ဖျက်ဆီးခံရမှု အခြေအနေ၊ ATM စက်နှင့် ဘဏ်များ၊ ဆက်သွယ်ရေး တာဝါတိုင်များ၊ မီးသတ်စခန်းများ၊ မော်တော်ယာဉ်များ၊ ဆိုင်ခန်းများ၊ မီးရထားလမ်းပိုင်းများ ဖျက်ဆီးခံရမှု အခြေအနေ၊ လုံခြုံရေး တပ်ဖွဲ့ ဝင်များ  ကျဆုံး၊ ဒဏ်ရာရရှိမှု အခြေအနေများ၊ အကြောင်းအမျိုးမျိုးဖြင့် စွပ်စွဲသတ် ဖြတ်မှုများ၊ အကြမ်းဖက်ရာတွငအသုံးပြုသည့် ပစ္စည်းများ ရှာဖွေဖော်ထုတ်သိမ်းဆည်း ရမိမှု အခြေအနေများနှင့် စပ်လျဉ်း၍ Video Clip များပြသ၍ ရှင်းလင်း ပြောကြားသည်။

ယင်းနောက် အခမ်းအနား တက်ရောက်လာကြသည့် နိုင်ငံခြားစစ်သံမှူးများ၏ သိရှိလို သည့် မေးမြန်းမှုများအပေါ် တပ်မတော် သတင်းလွှာ(Information Sheet) ထုတ်ပြန်ရေးအဖွဲ့မှ သက်ဆိုင်ရာ တာဝန်ရှိသူတို့က ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ပြောကြားခဲ့ပြီး နံနက် ၁၁ နာရီခွဲတွင် "The Current Political Situation in Myan-mar: The Facts and Evidence for International Community" ခေါင်းစဉ်ဖြင့် ပြုလုပ်သည့်  ရှင်းလင်းပွဲကို ရုပ်သိမ်းခဲ့သည်။

အဆိုပါရှင်းလင်းပွဲသို့ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြား စစ်သံမှူးများ၊ ဒုတိယစစ်သံမှူး များ တက်ရောက်ခဲ့ကြကြောင်း    သတင်းရရှိသည်။