မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၃)တွင် YREO အသင်းနှင့် ISPE အသင်းတို့ နိုင်ပွဲကိုယ်စီရရှိ

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၃)တွင် YREO အသင်းနှင့်  ISPE အသင်းတို့ နိုင်ပွဲကိုယ်စီရရှိ

ရန်ကုန်  မေ  ၁၈

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၃)အဖြစ် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၌ယှဉ်ပြိုင်ကစားခဲ့ရာ YERO အသင်းနှင့် ISPE အသင်းတို့  နိုင်ပွဲကိုယ်စီရရှိခဲ့ကြကြောင်း သိရသည်။

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၃)အဖြစ် ယနေ့ ညနေ ၄ နာရီတွင် စလင်းအားကစားကွင်း၌် ရှမ်းယူနိုက်တက်အသင်းနှင့့် YREO အသင်းတို့ကစားခဲ့ရာ ခြေစွမ်းပိုင်းကွာခြားမှုမရှိခဲ့ဘဲ အပြန်အလှန် ဖိအားပေးမှုများဖြင့် အကြိတ်အနယ်ရှိခဲ့သော်လည်း YERO အသင်းက ရှမ်းယူနိုက်တက်အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ပြီး YERO အသင်းအတွက် သွင်းဂိုးများကို ပွဲချိန်  ၉၄  မိနစ်တွင် စုစုခင်နှင့်သန်းသန်းမော်တို့က  သွင်းယူပေးနိုင်ခဲ့ကြသည်။

အလားတူ  ညနေ ၄ နာရီတွင် YUSC အားကစားကွင်း၌ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ISPE အသင်းတို့ ကစားခဲ့ရာတွင်လည်း ISPE  အသင်းက နိုင်ပွဲဆက်နေသည့်   ရန်ကုန်ယူနိုက်တက်အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ISPE အသင်းအတွက် သွင်းဂိုးများကို ပွဲချိန်  ၄၅  မိနစ်တွင် ရွှေရည်ထွန်း၊ ပွဲချိန်  ၈၁ မိနစ်တွင် လင်းမြင့်မိုရ်တို့က အသီးသီး သွင်းယူပေးခဲ့ကြသည်။

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၃)အဖြစ် မေလ ၁၉ ရက် (ယနေ့ )ညနေ ၄ နာရီတွင်  စလင်းအားကစားကွင်း၌   မြဝတီအသင်းနှင့် သစ္စာအားမာန်အသင်းတို့ ဆက်လက်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။                                       

       စည်သူအောင်

Dates: 
Monday, September 23, 2024 - 10:07