မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့ International Army Games-2021 ပြိုင်ပွဲ၏ တင့်ကား မောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon (Division-2) ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၈ သင်း အနက် တတိယဆုရရှိ

မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့ International Army Games-2021 ပြိုင်ပွဲ၏ တင့်ကား မောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon (Division-2) ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၈ သင်း အနက် တတိယဆုရရှိ

နေပြည်တော်၊ စက်တင်ဘာ - ၃

မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ဩဂုတ် ၂၂ ရက်မှစတင်၍ ကျင်းပပြုလုပ်လျက်ရှိသည့် International Army Games-2021 ပြိုင်ပွဲ တွင် ပါဝင်သော တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon (Division-2)၌ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အုပ်စုပွဲစဉ်များကိုအဆင့်ဆင့်ကိုဖြတ်ကျော်ကာ အုပ်စု ဒုတိယ နေရာမှရပ်တည်နိုင်ခဲ့ပြီး အကြိုဗိုလ်လုပွဲအဆင့်သို့ ထိုက်တန်စွာ တက်ရောက်နိုင်ခဲ့ သည်။
မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့အနေဖြင့် (Division-2) ၏ အကြိုဗိုလ်လုပွဲ ပွဲစဉ် ၂ တွင် ပြိုင်ပွဲဝင်စံချိန် ၂ နာရီ ၂၈ မိနစ် ၂၀ စက္ကန့်ဖြင့် ပထမနေရာမှ ပန်းဝင်နိုင်ခဲ့ပြီး ပစ်မှတ်ထိမှန်မှု အကောင်းဆုံးအသင်းလည်း ဖြစ်ခဲ့ကာ (Division-2)၏ အုပ်စု ဒုတိယ နေရာမှရပ်တည်နိုင်ခဲ့ပြီး ဗိုလ်လုပွဲအဆင့်သို့ ထိုက်တန်စွာ တက်ရောက်နိုင်ခဲ့ခြင်းဖြစ် သည်။

တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon (Division-2) ဗိုလ်လုပွဲ ပွဲစဉ် ကို မြန်မာ၊ ကာဂျစ်စတန်၊ တောင်အော့ဆက်တီးယား၊ တာဂျစ်ကစ္စတန် နိုင်ငံတို့မှ တင့်တပ်ဖွဲ့ဝင်များက ယနေ့တွင် ယှဉ်ပြိုင်ခဲ့ရာ မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့ဝင်များ သည် အစောပိုင်း ပတ်လမ်းများတွင် စံချိန်နောက်ကျနေခဲ့သော်လည်း မဆုတ်မနစ် သော ဇွဲလုံ့လများဖြင့် ဆက်လက်ကြိုးပမ်းယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲဝင်စံချိန် ၂ နာရီ ၂၈ မိနစ် ၀၅ စက္ကန့်၊ ပစ်မှတ်ထိမှန်ချက် ၈ ချက်ဖြင့် ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန် နိုင်ငံတို့၏နောက် တတိယ နေရာမှ ပန်းဝင်နိုင်ခဲ့သည်။ ထို့ကြောင့် မြန်မာ့တပ်မတော် တင့်တပ်ဖွဲ့သည် (Division-2) တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ကာဂျစ်စတန်၊ တာဂျစ် ကစ္စတန်၊ တောင်အော့ဆက်တီးယား၊ လာအို၊ အဘ်ခဇီယာ၊ ကာတာ၊ မာလီ စသည့် ပြိုင်ပွဲဝင်နိုင်ငံ ၈ နိုင်ငံမှ တင့်တပ်ဖွဲ့ဝင်များအနက် တတိယနေရာမှ ရပ်တည် နိုင်အောင် စွမ်းဆောင်နိုင်ခဲ့သည်။

မြန်မာတပ်မတော်တင့်တပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါ International Army Games ပြိုင်ပွဲ၏ တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon ကို ယခု အကြိမ်အပါအဝင် ၄ ကြိမ်မြောက် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် ပြိုင်ပွဲဝင် ၂၂ သင်းအနက် အဆင့် ၁၆၊ ၂၀၁၉ ခုနှစ်တွင် ပြိုင်ပွဲဝင် ၂၃ သင်းအနက် အဆင့် ၁၃၊ ၂၀၂၀ ခုနှစ်တွင် ပြိုင်ပွဲဝင် ၁၆ သင်းအနက် အဆင့် ၉ စသည်ဖြင့် အသီးသီးရပ်တည်နိုင်ခဲ့ကြောင်းနှင့် နိုင်ငံတကာ စစ်ဘက်အဖွဲ့အစည်းများ၏ ပြိုင်ပွဲ ယှဉ်ပြိုင်မှုအတွေ့အကြုံများ၊ နည်းပညာပိုင်းဆိုင်ရာ အတွေ့အကြုံ များနှင့် ချစ်ကြည် ရင်းနှီးမှုများ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။