မြန်မာ့တပ်မတော် ယဉ်ကျေးမှုအနုပညာအဖွဲ့ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိ

မြန်မာ့တပ်မတော် ယဉ်ကျေးမှုအနုပညာအဖွဲ့ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိ

နေပြည်တော်၊ မတ် - ၁၁

          မြန်မာတပ်မတော်နှင့်  ထိုင်းဘုရင့်တပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ပြီး ယဉ်ကျေးမှု အနုပညာများ ဖလှယ်နိုင်ရန် ရည်ရွယ်၍ ထိုင်းနိုင်ငံသို့ သွားရောက်ဖျော်ဖြေခဲ့သည့် မြန်မာ့တပ်မတော်ယဉ်ကျေးမှု အနုပညာအဖွဲ့သည် ယနေ့ဒေသစံတော်ချိန် ညနေ ၅ နာရီ ၅၀ မိနစ်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ လေကြောင်းခရီးဖြင့် နေပြည်တော်လေဆိပ်သို့ ပြန်လည်ထွက်ခွာ ကြရာ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ Department of Border Affairs မှ Director ဖြစ်သူ Lt. Gen. Pongtep Gaewchaiyoနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး သံမှူးကြီး ဦးမော်ဗလ၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊လေ) ဗိုလ်မှူးချုပ် ခွန်နေထွန်းဦးတို့က ပို့ဆောင်နှုတ်ဆက်ကြပြီး ညပိုင်းတွင် နေပြည်တော်လေဆိပ်သို့ ရောက်ရှိကြရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ် ဇင်မင်းထက်နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါ မြန်မာ့တပ်မတော်ယဉ်ကျေးမှု အနုပညာအဖွဲ့သည် ယနေ့နံနက်ပိုင်း တွင် လည်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Temple of the Emerald Buddha (မြဘုရား)အား သွားရောက်ဖူးမြော်ပြီး The Grand Palace (ထိုင်းဘုရင့်နန်းတော်)ကို သွားရောက် ကြည့်ရှု လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။