မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်း နိုင်ငံခြားသားနည်းပြချုပ် အမြန်ဆုံးခန့်အပ်နိုင်ရန် ကြိုးပမ်းနေ

 

မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ် အသင်းသည် ဧပြီလမတိုင်မီ နိုင်ငံခြားသား နည်းပြချုပ်   အမြန်ဆုံးခန့်အပ်နိုင်ရန် ကြိုးပမ်းနေကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် (MFF) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

MFF   သည် မူလက   နယ်သာလန် နိုင်ငံသား ဗစ်တာဟာမန်းကို လက်ရွေးစင်  ဖူဆယ်အသင်းနည်းပြ ချုပ်အဖြစ် ခန့်အပ် ရန် ပြီးခဲ့သည့်နှစ် မေလကတည်းက အကြို သဘောတူညီမှုရရှိထားပြီးဖြစ်သည်။ သို့ သော်  ဗစ်တာဟာမန်းသည်  ဖိလစ်ပိုင်  လက်ရွေးစင်ဖူဆယ်အသင်းတွင် နည်းစနစ် အကြံပေးအဖြစ်    တာဝန်ယူနေသည့်အတွက်  ၎င်းင်းအစား  ပြည်ပနည်းပြတစ်ဦး   ပြန်လည်ခန့်အပ်ရန် စီစဉ်နေခြင်းဖြစ် သည်။

“မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ် အသင်းအတွက်   နိုင်ငံခြားသားနည်းပြ တစ်ဦး ဧပြီလမတိုင်မီ ခန့်အပ်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။    အာရှဘောလုံးအဖွဲ့ချုပ်နဲ့လည်း  ချိတ်ဆက်ပြီး  ရှာဖွေနေပါတယ်။ ပြည်ပနည်းပြမရမီ ဦးဌေးမြင့်ကို ယာယီနည်းပြချုပ်အဖြစ် တာဝန်ပေးပြီး အသင်းကို   ပြင်ဆင်မှုတွေ  လုပ်ဆောင်မှာဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

မြန်မာ့လက်ရွေးစင်အမျိုးသားဖူဆယ် အသင်းကို နောက်ဆုံး နိုင်ငံခြားသားနည်းပြ အဖြစ်  ၂၀၁၇ ခုနှစ်က  အီရန်နိုင်ငံသား နည်းပြရီဇာက တာဝန်ယူဆောင်ရွက်ခဲ့ပြီး ၎င်းင်းနောက်တွင် ပြည်တွင်းနည်းပြ ဦးဌေးမြင့် က နည်းပြချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။

ဦးဌေးမြင့်သည်  မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းကို နည်းပြချုပ်အဖြစ် ဆောင်ရွက်ခဲ့သကဲ့သို့   ယာယီနည်းပြချုပ်အဖြစ်လည်း မကြာခဏ တာဝန်ယူကိုင်တွယ်ခဲ့ သူဖြစ်သည်။  ဦးဌေးမြင့်လက်ထက် တွင် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည်  ၂၀၁၆ အာဆီယံဖူဆယ်ပြိုင်ပွဲ၌ ဒုတိယဆု နှင့် ၂၀၁၇ အာဆီယံဖူဆယ်ပြိုင်ပွဲ၌ တတိယ ဆုရရှိခဲ့သည်။ မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ် အသင်းသည် ၂၀၂၁  ခုနှစ်တွင်  အာဆီယံ ဖူဆယ်ပြိုင်ပွဲနှင့်  ဆီးဂိမ်းသို့  ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရ သည်။