မြန်အောင်မြို့နယ်၊ အိုးလည်ပင်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲအား ဖျက်ဆီး၍ ကျောင်းခြံဝန်းတံခါး၌ ခြိမ်းခြောက်စာရေး သားထားသည့် ဗီနိုင်းများကပ်ခဲ့ သူအား အမှုဖွင့်

နေပြည်တော်၊ ဇွန် - ၁၃
    
ဧရာဝတီတိုင်းဒေသကြီး၊မြန်အောင်မြို့နယ်၊ အစယ်ကျေးရွာအုပ်စု၊  အိုးလည်ပင်း ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲအား မေ ၂၄ ရက် ည ၁၀ နာရီခန့်တွင် ကျောင်းဝန်းတံခါးအားဖျက်၍ ကျောင်းဝန်းအတွင်းဝင်ရောက်ကာ ကျောင်းအတွင်းရှိ လက်ဆေးဘေစင် ၄ ခုနှင့် သောက်ရေသန့်စတီးရေစင်တို့အား တွန်းလှဖျက်ဆီးခဲ့ပြီး ကျောင်းခြံဝန်းတံခါး၌ ခြိမ်းခြောက်စာရေးသားထားသည့် ဗီနိုင်းများကပ်ခဲ့သည့် အဆိုပါကျေးရွာနေ ထိန်းလင်းဦး(ဘ)ဦးလှကို အား ဇွန် ၁၂ ရက်တွင် ထူးကြီးမြို့၊ အမှတ်(၁) ရပ်ကွက်၊ သမာဓီလမ်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည်။
    
အဆိုပါစာသင်ကျောင်းအား ဖျက်ဆီး၍ ခြိမ်းခြောက်စာရေးသားထားသည့် ဗီနိုင်းများကပ်ခဲ့သူအား သက်ဆိုင်ရာနယ်မြေရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က/ ၄၂၇/၁၁၄ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။