မြန်အောင်မြို့၊ ကြံခင်းမြို့နှင့် အင်္ဂပူမြို့များရှိ နေကြာမျိုးစေ့ထုတ် တောင်သူများသို့ နေကြာမျိုးစေ့များ ပေးအပ်
နေပြည်တော်၊ မေ - ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့၊ ကြံခင်းမြို့နှင့် အင်္ဂပူမြို့များရှိ နေကြာမျိုး စေ့ထုတ်တောင်သူများသို့ မျိုးစေ့ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် မြန်အောင်မြို့၊ ကန်ဇွန်းခုံကျေးရွာအုပ်စု၊ ကုန်တစ်လုံးကျေးရွာ၌ ပြုလုပ်ရာ ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ် ၃ မြို့နယ်မှ တောင်သူ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မြန်အောင်မြို့၊ ကြံခင်းမြို့နှင့် အင်္ဂပူမြို့များရှိ နေကြာမျိုး စေ့ထုတ်တောင်သူများအား နေကြာမျိုးစေ့များ ပေးအပ်ရာ တောင်သူများက လက်ခံရယူကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မြန်အောင်မြို့၊ ကန်ဇွန်းခုံကျေးရွာအုပ်စု၊ ရှမ်းကွင်းကျေးရွာရှိ ကန်ပေါ်ကုန်း၊ ကွင်းအမှတ် (၂/၃/၄)နှင့် အင်္ဂပူမြို့နယ်၊ ရွာသာယာကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာ ရေငံကွင်း၌ နေကြာမျိုးစေ့ထုတ်လုပ်ရန် ထွန်ယက်နေမှုများအား လိုက်လံကြည့်ရှုပြီး တောင်သူများ အား တွေ့ဆုံ၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။