မြဝတီမြို့နယ်၊ ဝေါလေဒေသအတွင်း လုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများလှူဒါန်း
နေပြည်တော်၊ ဇူလိုင် - ၄
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါလေဒေသအတွင်း လုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများကို မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့တို့မှ တာဝန်ရှိသူ များ၊ စေတနာရှင်အလှူရှင်များက အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ လာရောက် လှူဒါန်းကြသည်။
ထိုသို့ လှူဒါန်းရာတွင် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် တပ်မတော်ချစ်မြတ်နိုးသူ စေတနာရှင်အဖွဲ့တို့က ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာ ၁၁ မျိုး၊ စုစုပေါင်း တန်ဖိုးငွေကျပ် ၁၁၂ သိန်းကျော်ကိုလည်းကောင်း၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကရင် ပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၊ ကရင်ပြည်နယ်ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း(YMBA)၊ ကရင်ပြည်နယ်ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအသင်း၊ ကရင်ပြည်နယ်တေဇညီအစ်ကိုများအဖွဲ့နှင့် MASTER GOLF HPA- AN အဖွဲ့တို့က ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာ ၁၀ မျိုး၊ စုစုပေါင်းတန်ဖိုး ငွေကျပ် သိန်း ၁၆၀ ကိုလည်းကောင်း အသီးသီးချီးမြှင့်ပေးအပ်ကြရာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်၍ ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။