မြိတ်ခရိုင်အတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအား စားသောက် ဖွယ်ရာများပေးအပ်

နေပြည်တော်၊ ဇူလိုင် - ၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များ စားရေးအဆင်ပြေစေရန်အတွက် ယနေ့ညနေပိုင်းတွင် ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ်၊ မြိတ်တပ်နယ်မှ တာဝန်ရှိသူများက မြိတ်မြို့၊ မြို့မရဲစခန်း၌ စားသောက်ဖွယ်ရာများ သွားရောက်ပေးအပ်ကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မိသားစု ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။