တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု၊ အင်းလေးမြိုင်ရပ်ကွက်၊ ပဒုမ္မာ(၃)လမ်းရှိ ဦးဇော်ဝင်းထွေး၏နေအိမ်၌ ယနေ့ နံနက် ၁၁ နာရီခန့်တွင် ဝိုင်ယာကြိုး အပူလွန် ကဲရာမှတစ်ဆင့်မီးလောင်မှုဖြစ်ပွားခဲ့ရာ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက မီးသတ်ယာဉ် ၁၂ စီး၊ ရေသယ်ယာဉ် ၁၈ စီးအပါအဝင် အထွေထွေယာဉ်များဖြင့် စုပေါင်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁နာရီ မိနစ် ၄၀ ခန့်တွင် မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှုကြောင့် နေအိမ် ၁၃ လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိသည်။