မြိတ်မြို့၊ မီးလင်းရေးကုမ္ပဏီ (Petro & Trans) မှ မန်နေဂျာဖြစ်သူအား ဆူပူအကြမ်းဖက် သူများက အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်၊ ဝိုင်းဝန်းရိုက်နှက်

နေပြည်တော်၊ မတ် - ၂၈
    
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ မီးလင်းရေးကုမ္ပဏီ (Petro & Trans)  မှ မန်နေဂျာဖြစ်သူ ဦးရန်လင်းအောင်အား ဆူပူအကြမ်းဖက်သူလူတစ်စုက အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်ပြီး  တုတ်၊ ဓားများဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်းသိရှိရသည်။
    
ဖြစ်စဉ်မှာ မြိတ်မြို့၊ မီးလင်းရေးကုမ္ပဏီ (Petro & Trans)  မှ မန်နေဂျာဖြစ်သူ ဦးရန်လင်းအောင်(ဘ)ဦးတင်ဦး သည် မတ် ၂၆ ရက် မွန်းလွဲ ၁ နာရီခန့်တွင်  ၎င်းင်း၏နေအိမ်မှ ကုမ္ပဏီသို့  ဆိုင်ကယ်ဖြင့်သွားရောက်စဉ် ဆူပူအကြမ်းဖက်သူလူတစ်စုက ၎င်းအားအကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ညနေ ၅ နာရီခန့်တွင် စုပေါင်းရုံးလမ်းနှင့် BOC လမ်းကွေ့နေရာ၌ လက်ပြန်ကြိုးတုတ်၊ ဦးခေါင်းအား ပီနံအိတ်စွပ်ကာ ဆိုင်ကယ်တစ်စီးမှ လာရောက်ပစ်ချခဲ့ကြောင်း တာဝန်ရှိသူများက သတင်းပေးပို့ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေရာ ၎င်းအား လည်ပင်းပြတ်ရှဒဏ်ရာ၊ ဝမ်းဗိုက်ညိုမဲဒဏ်ရာများဖြင့် တွေ့ရှိခဲ့သဖြင့် နီးစပ်ရာဆေးရုံသို့ပို့ဆောင် ဆေးကုသမှုခံယူစေ လျက်ရှိသည်။
    
အဆိုပါ ဖမ်းဆီးခံရသူ ဦးရန်လင်းအောင်သည် တပ်မတော်မှ ဗိုလ်ကြီးအဆင့်ဖြင့် အငြိမ်းစားယူထားသူ တစ်ဦးဖြစ်ပြီး မြိတ်မြို့၊ မီးလင်းရေးကုမ္ပဏီ(Petro & Trans) ၌ မန်နေဂျာ အဖြင့် အေးချမ်းစွာလုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။
    
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပါဝင်ပတ်သက်သူများအား အမြန်ဆုံးစုံစမ်းဖော် ထုတ် ဖမ်းဆီးရမိရေးအတွက် ဒေသခံပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း  သတင်းရရှိသည်။