မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စကတ်ဘော ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စကတ်ဘော ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ ဇူလိုင် - ၁၈

၂၀၂၂ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စကတ်ဘောပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် လားရှိုးမြို့လေ့ကျင့်ရေးအားကစားရုံ၌ ပြုလုပ်ရာ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ အသင်းအုပ်ချုပ်သူနည်းပြများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်ဘောလုံးများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ ပြိုင်ပွဲဝင်အားကစားသမား များက လက်ခံရယူကြသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ပြိုင်ပွဲအားကစား သမားများအား တစ်ဦးချင်း ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။ ၎င်းနောက် တိုင်းမှူး နှင့် တက်ရောက်လာကြသူများက အဖွင့်ပွဲစဉ်ဖြစ်သည့် လားရှိုးခရိုင်အမျိုးသမီးအသင်း နှင့် တောင်ကြီးခရိုင်အမျိုးသမီးအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှု အားပေးကြသည်။
အဆိုပါ ဘတ်စကတ်ဘောပြိုင်ပွဲကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မြို့နယ်ပေါင်းစုံမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၈ သင်း၊ အမျိုးသမီးအသင်း ၅ သင်းတို့ဖြင့် ဇူလိုင် ၂၅ ရက်အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။