နေပြည်တော်၊ ဧပြီ - ၂၆
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအားပြုလုပ်သူ၊ လက်ဝယ်ထားရှိသူများအား ဆက်လက် ဖော်ထုတ် ဖမ်းဆီး လျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၅ ရက် နံနက် ၈ နာရီခွဲအချိန်တွင် ပန်းတောင်း မြို့နယ်၊ သံလယ်ကြီးကျေးရွာနေ အောင်မျိုးခိုင်(ခ)ဇီးဇီး(ဘ)ဦးသိန်းမြင့်အား ဆူပူ အကြမ်းဖက်ဆန္ဒပြရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်လည်းကောင်း၊ နံနက် ၁၀ နာရီခန့် တွင် မြောက်ဉက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ စက္ကဝတ်(၂)လမ်းရှိ အမှတ်(၁၄)အခြေခံ ပညာမူလတန်းကျောင်းဝင်း၌ ဆူပူအကြမ်းဖက်ရာတွင်အသုံးပြုသည့် ပစ္စည်းများအားလည်း ကောင်း၊ နံနက် ၁၀ နာရီခန့်တွင် ဗဟန်းမြို့နယ်၊ ဆရာစံလမ်းနှင့် ဦးချစ်မောင်လမ်းထောင့်ရှိ မြေကွက်လပ်၌ ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုသည့် ပစ္စည်းများအားလည်း ကောင်း၊ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဃ)ရပ်ကွက်၊ ဝေပုလ္လလမ်းရှိဝိဇယဝမ္မာရုံဝင်း အနောက်ဘက်အမှိုက်ကျင်းအတွင်းမှ မီးစာတပ်ဆင်ထား သောမီးပုလင်း ၈ လုံး၊ ဓာတ်ဆီပုလင်း ၅၂ လုံးနှင့် ကော်ပုံး ၂ ပုံးတို့အားလည်းကောင်း၊ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် (ဋ)ရပ်ကွက်၊ ဥဇ္ဇာနာ(၇) လမ်းရှိအမှတ်(၁၈) အခြေခံပညာမူလတန်း ကျောင်းဝင်းအနောက်ဘက် အမှိုက်ပုံအနီးမှ ဆူပူ အကြမ်းဖက်ရာတွင်အသုံးပြုသည့် ပစ္စည်းများအားလည်းကောင်း၊ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် ပုသိမ်မြို့၊ အမှတ်(၈) ရပ်ကွက်ရှိ လာတည် သစ်စက်၌ ထက်အောင်(ဘ)ဦးသန်းစိုး၊ ပြည့်ဖြိုးကျော်(ဘ) ဦးကျော်ဝင်းထွန်း နှင့် လင်းလင်းအောင်(ခ) မြကြီး(ဘ)ဦးစံသိန်း တို့အား ဆူပူအကြမ်းဖက် ရာတွင်အသုံးပြုသည့်ပစ္စည်းများနှင့် လည်းကောင်း၊ မွန်းလွဲ ၁ နာရီခန့်တွင် မရမ်းကုန်း မြို့နယ်၊ အမှတ်(၆)ရပ်ကွက်ရှိ“ပေါက်စေတီ” ဘုန်းကြီးကျောင်းဝင်းအတွင်း ဖောက်ခွဲရေး သင်တန်းပို့ချနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ရာ အဆိုပါကျောင်းဝင်းအတွင်းရှိ ဉူးစန္ဒိမာ(ခ)စိုးဝင်း(ဘ) ဦးမြင့်သန်းနှင့် ဥူးပညာဝရ(ခ)မြင့်ကို(ဘ)ဦးလရောင်တို့ ကြီးကြပ် အုပ်ချုပ်သည့် ဓမ္မဝိဟာရ စာသင်ဆောင် (၃)၊ဒုတိယထပ် ဘုရားကျောင်းဆောင်ဘေးဘီရိုအတွင်းမှ လက်ပစ်ဗုံး ၂ လုံး၊ လက်လုပ်ဗုံး ၁ လုံး၊ ကားချိန်ကိုက်မိုင်း ၄ ခု၊ ယမ်းမှုန့် ၁.၅ ကီလို၊ ဗျောက်အိုး ၂၆ ခု၊ အမိုနီယမ်နိုက်ထရိတ် ၁၅ ပေါင်၊ ပုလဲအဖြူ ၂၀ ပေါင်၊ ယမ်း ၅ ထုပ်၊ ကန့်အဝါ ၃ ထုပ်၊ ဝါယာကြိုး ၁ ခွေ၊ ဒီတိုနေတာ ၂၉ ခု၊ သင်တန်းအချိန်ဇယား ၁ ခု၊ ဖောက်ခွဲရေးစနစ်ပုံ ၂ ခုနှင့် အခြားဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ နေ့လယ် ၂ နာရီ ခန့်တွင် ပန်းတောင်းမြို့နယ်၊ သံလယ်ကြီးကျေးရွာ၌ ထွန်းမင်းလွင်(ဘ) ဦးအောင်ထွန်းစိန် အား လက်လုပ်သေနတ် ၄ လက်နှင့် ဆက်စပ်ပစ္စည်းများအား လည်းကောင်း၊ ညနေ ၃ နာရီခွဲ ခန့်တွင် နောင်ချိုမြို့၊ တောင်ရပ်ကွက်၊ ဈေးအနီးရှိ ဖုန်းအရောင်းဆိုင်အတွင်းမှ ဇော်မင်းကျော် (ဘ)ဦးရွှေကို နှင့် ထွန်းမင်းဦး(ခ) ဖိုးလပြည့်(ဘ) ဦးစိုင်းသန်းမောင် တို့ ၂ ဦးကို ဆူပူအကြမ်း ဖက်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့် လည်းကောင်း၊ ညနေ ၆ နာရီခွဲခန့်တွင် ဟိုပုံးမြို့နယ်၊ အောင်ပွဲ ကျေးရွာအနီး၌ ကျော်ဇော (ဘ)ဦးဆာ အား WY စာတမ်းပါပန်းရောင် စိတ်ကြွရူးသွပ် ဆေးပြား ၂၅ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးမေးမြန်းချက်အရ ည ၈ နာရီ ၄၀ မိနစ် ခန့်တွင် အောင်ပွဲကျေးရွာရှိ မောင်ဗွေ(ဘ)ဦးစင်မောင် ၏ နေအိမ်အား လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးရာ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူး သွပ်ဆေးပြား ၁၃၀ ပြား၊ လက်လုပ်သေနတ် ၄ လက်၊ ဆက်စပ်ပစ္စည်းများနှင့် လည်းကောင်း၊ ည ၉ နာရီ ၅၀ မိနစ်ခန့် တွင် ဟိုပုံးမြို့၊ တောင်ရပ် ကွက်ရှိ နေအိမ်၌ နေအောင်(ဘ) ဦးတနွံ နှင့် ထွန်းရီ(ဘ) ဦးသိန်းအောင် တို့ ၂ ဦးအား WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၃ ပြား၊ ဘိန်းစိမ်း ၀ ဒသမ ၀၁၆၃ ကီလိုဂရမ်၊ လက်လုပ်သေနတ် ၁ လက်၊ ဆက်စပ်ပစ္စည်း များနှင့် လည်းကောင်း၊ ည ၁၁ နာရီခန့်တွင် မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ ဉယျဉ်လမ်းရှိ နေအိမ်၌ အိမ်ငှားနေထိုင်သည့် မမေမြတ်စုလှိုင် (ဘ)ဦးမောင်မောင်ညွန့် အား လက်လုပ်မိုင်း ၂ လုံး၊ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့် လည်းကောင်း တွေ့ရှိဖမ်းဆီး ရမိခဲ့ သည်။
အလားတူ ယနေ့နံနက် ၈ နာရီခန့်တွင် တမူးမြို့၊ မြို့မ(၅)ရပ်ကွက်ရှိ နေအိမ်အတွင်းမှ ဇော်လင်းထွန်း(ဘ)ဦးညွန့်ဝင်း အား လမ်းလျှောက်စကားပြောစက် ၃ လုံး၊ ဆူပူအကြမ်းဖက်ရာတွင်အသုံးပြသည့် ပစ္စည်းများနှင့်လည်းကောင်း၊ နံနက် ၉ နာရီခန့်တွင် မော်လမြိုင်မြို့၊ မော်လမြိုင်တက္ကသိုလ် အနီးရှိ ချုံပုတ်အတွင်းမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့်ပ္စည်းများအား လည်းကောင်း၊ နေ့လယ် ၁၂ နာရီ ၅၀ မိနစ်ခန့်တွင် တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်ရှိ နေအိမ်၌ ကြံဝင်းဗိုလ်(ခ)ကိုကြံ(ဘ)ဦးအောင်ဘ အား လက်လုပ်ဗုံး ၃၄ လုံး၊ အသံဗုံး ၉၀ လုံး၊ ဓားများ၊ ဂျင်ကလိများနှင့် ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်လည်းကောင်း တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။
အထက်ပါဖြစ်စဉ်များမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအားလက်ဝယ်ထားရှိသူများနှင့် သိုဝှက်သိမ်းဆည်းထားရှိသူ များအားဥပဒေနှင့် အညီအရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။