မြို့နယ်အချို့၌ပြည်သူလူထုမှလက်လုပ်သေနတ်များအားအုပ်ချုပ်ရေးတာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံလာရောက်အပ်နှံ

နေပြည်တော်၊ မေ -၁၃

တိုင်းဒေသကြီး/ ပြည်နယ်များရှိမြို့နယ်အချို့၌ အေးချမ်းစွာနေထိုင်လိုသည့်ပြည်သူလူထုများမှ ၎င်းတို့၏ သဘောဆန္ဒအလျောက် ၎င်းတို့ထံတွင်ရှိသောလက်လုပ်သေနတ်များအားအုပ်ချုပ်ရေး တာဝန်ရှိသူ များမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံလျက်ရှိသည်။
 

ထို့သို့အပ်နှံရာတွင် ၂၀၂၁ ခုနှစ်၊ မေလ ၁၂ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင် မြို့နယ်၊ မိုးကောင်းကျေးရွာနေ ပြည်သူများမှ လက်လုပ်သေနတ် ၁ လက်အားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ မြို့တွင်းကျေးရွာ၊ အဂ္ဂရာပြည့်ကျေးရွာ၊ ထန်းတပင်ကျေးရွာ၊ သိမ်ကုန်းကျေးရွာ၊ လက်ပံပျဉ်းကျေးရွာနှင့် ခေမံကျေးရွာများမှ တူမီးသေနတ် ၆ လက်၊ လက်လုပ်သေနတ် ၄၆ လက်၊ ဂတ်စ်သေနတ် ၁ လက်၊ ဒူးလေး ၁ လက်တို့အားလည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ ပိဿလိမ်းကျေးရွာမှ လက်လုပ်သေနတ် ၄ လက် အားလည်းကောင်း၊ ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်မှ လက်လုပ်လေသေနတ် ၂ လက် အားလည်းကောင်း ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူများမှ တစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထံ လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ လက်နက်ကိုင်ဆောင်လိုခြင်းမရှိသည့် ပြည်သူလူထုမှ လာရောက်အပ်နှံသော လက်လုပ်သေနတ်၊ တူမီးသေနတ်နှင့် ဒူးလေးများအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လက်ခံရယူခဲ့ပြီး စနစ်တကျ သိမ်းဆည်းထားရှိကြောင်း သတင်းရရှိပါသည်။