မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့် အဖျက်အမှောင့် လုပ်ငန်းများဆောင်ရွက်ရန် ပြုလုပ်ထားရှိသည့် ဖောက်ခွဲရေးပစ္စည်းများအား လက်ဝယ်ထားရှိသူများနှင့်အတူ ဖော်ထုတ်ဖမ်းဆီး

နေပြည်တော်၊ မေ ၂၈

၁။ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် စုံစမ်းဖော်ထုတ်မှုများ ဆောင်ရွက် လျက်ရှိရာ အကြမ်းဖက်သမားများ၏ လက်နက်၊ ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများ နှင့် ဆက်စပ်ပစ္စည်းများကို ဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိလျက်ရှိသည်။

၂။ ထိုသို့ဖော်ထုတ်ထိန်းသိမ်းမှုများ ဆောင်ရွက်လျက်ရှိရာ မေလ ၂၁ ရက် ညနေပိုင်းတွင် သတင်းအရ ကျော်ဇေယျာသိန်း(၃၈)နှစ် အား ရန်ကုန်တိုင်း ဒေသကြီး၊ ကမာရွတ်မြို့နယ်၊ နာနတ်တောလမ်းရှိ Grand Hanthar ဆေးရုံ၌ ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ ထွန်းထွန်းလှိုင်(၄၄)နှစ်၊ ခိုင်လင်းသူ (ခ)ကိုခိုင်(၃၈)နှစ်၊ ဝေယံမောင်မောင်(၂၅)နှစ်နှင့် စည်သူထွန်း(၂၀)နှစ်တို့အား ထပ်မံဖမ်းဆီး ရမိခဲ့သည်။

၃။ ဖမ်းဆီးရမိသည့် ဝေယံမောင်မောင် ၏ ထွက်ဆိုချက်အရ မေလ ၂၂ ရက် နံနက်ပိုင်းတွင် ကိုဖြိုး(ခ)ဝေဖြိုးမောင်(၂၉)နှစ်အား ရန်ကုန်တိုင်း ဒေသကြီး၊ သာကေတမြို့နယ်၊ ၃/မာန်ပြေရပ်ကွက်ရှိ ၎င်း၏ ဆံသဆိုင်၌ Key Pad ဖုန်းနှင့် တွဲလျက်ပြုလုပ်ထားသော လက်လုပ်ဗုံး ၂ လုံးနှင့်အတူ ဆက်လက်ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့သည်။

၄။ ဆက်လက်၍ သတင်းအရ မေလ ၂၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုနန္ဒာ(၄)လမ်း၊ အမှတ်(၆၅)နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ရာ အောင်နိုင်ထွန်း(၁၉)နှစ်၊ ကျော်နိုင်(၂၉)နှစ်၊ ဝိုင်းချစ် (၁၉)နှစ်၊ အောင်ပြည့်ဟိန်း(၂၁)နှစ်၊ တိုးတိုးနိုင်(၃၃)နှစ်နှင့် မြတ်လင်းအောင်(၃၉)နှစ် တို့အား ဖမ်းဆီးရမိခဲ့ပြီး နေအိမ်အတွင်းမှ ပွိုင့်-၃၈ သေနတ် ၁ လက်၊ ၎င်းကျည် ၆ တောင့်၊ လက်လုပ်လေသေနတ် ၂၃ လက်၊ လက်လုပ်ဗုံး ၂ လုံး၊ လက်လုပ်မိုင်း ၆ လုံး၊ သံပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်ဗုံး ၆၉၂ လုံး၊ PVC ပလတ်စတစ်ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်ဗုံး ၃၇၄ လုံး၊ အသံဗုံး ၁၇ လုံး၊ Key Pad ဖုန်းဖြင့် တွဲလျက်ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၁၃ လုံး၊ လက်ပစ်ဗုံး ၃ လုံး၊ မီးပုလင်း ၅၈ လုံးနှင့် ဖောက်ခွဲရေးပစ္စည်း များ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ယမ်းနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်း ရမိခဲ့သည်။

၅။ ဆက်လက်၍ သတင်းအရ မေလ ၂၃ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၊ ၁၆/A ရပ်ကွက်၊ ကုန်းဘောင်အိမ်ရာ၊ ကုန်းဘောင်လမ်းသွယ်(၁)၊ အမှတ်(၁၄၀)ရှိ LONE WAY Co.Ltd ရုံးသို့ ဝင်ရောက် ရှာဖွေခဲ့ရာ မြတ်ဘိုဘိုဝင်း(၂၇)နှစ်၊ သန့်ဇင်ဦး(၃၀)နှစ်၊ စိုးသီဟ(၂၉)နှစ်၊ နေကော်ထူး (၃၀)နှစ်၊ ညီရဲနိုင်(၁၇)နှစ်၊ ဝသုန်(၂၇)နှစ်၊ ဝေယံထွန်း(၁၉)နှစ်နှင့် နာခူးဖောဝါ(၂၀)နှစ် တို့အား ဖမ်းဆီးရမိခဲ့ပြီး PVC ပလတ်စတစ် ပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း ၄၆ လုံး၊ PVC ပလတ်စတစ် ပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ်ချိန်ကိုက်မိုင်း ၉၄၄ လုံး၊ Key Pad ဖုန်းဖြင့်တွဲလျက် ပြုလုပ်ထားသော လက်လုပ်မိုင်း ၃၁ လုံး၊ RGA တံဆိပ်ပါ လက်လုပ်မိုင်း ၅ လုံး၊ လက်လုပ်သေနတ် အရှည် ၁ လက်၊ ဖောက်ခွဲရေး ပစ္စည်းများ ပြုလုပ်ရာတွင် အသုံးပြုသည့် ယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရမိခဲ့သည်။

၆။ ကျော်ဇေယျာသိန်း ၏ ထွက်ဆိုချက်အရ ဆက်စပ်တရားခံဖြစ်သော စိုးကေ (ခ)စုကေသွယ်မောင် အား မေလ ၂၄ ရက် ညနေပိုင်းတွင် သင်္ဃန်းကျွန်း မြို့နယ်၊ သုမင်္ဂလာအိမ်ရာရှိ Grill & Chill စားသောက်ဆိုင်၌ ပိုတက်စီယမ်နိုက်ထရိုက် ၁ အိတ်၊ ယမ်းမျိုးစုံ ၁ အိတ်၊ မီးခုံးဗုံး ၃ လုံး၊ လက်လုပ်သေနတ်ပြောင်း ၆ ခု၊ အပစ်လက်ကိုင် ၁ ခုနှင့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ပါသည်။

၇။ တရားခံ စုကေသွယ်မောင် ၏ ထွက်ဆိုချက်အရ မေလ ၂၆ ရက် နံနက် ပိုင်းတွင် ဗဟန်းမြို့နယ်၊ ရွှေနံသာရပ်ကွက်၊ အာဇာနည်လမ်း၊ အမှတ်(၆၀/က) နေအိမ်အား ဆက်လက်ရှာဖွေခဲ့ရာ ကွင်းဆက်တရားခံဖြစ်သော နေမင်းအောင်(ခ) မင်းသားကြီး(၅၀)နှစ်နှင့် ရဲထွန်း(၅၁)နှစ်တို့အား ပွိုင့်-၃၂ ပစ္စတို ၂ လက်၊ အသံတိတ် ပြောင်း ၁ ခု၊ ၎င်းကျည် ၁၉ တောင့်၊ ကျည်အိမ် ၃ ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

၈။ အထက်ပါဖြစ်စဉ်၌ တရားခံ ၂၃ ဦးအား ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နှင့်အတူ ပစ္စတိုသေနတ် ၃ လက်၊ ၎င်းကျည်အိမ် ၃ ခု၊ ၎င်းကျည် ၂၅ တောင့်၊ လက်လုပ်သေနတ် မျိုးစုံ ၂၄ လက်၊ လက်လုပ်ဗုံးနှင့် လက်လုပ်မိုင်း မျိုးစုံ ၂၀၈၀ လုံး၊ အသံဗုံး ၂၀ လုံး၊ ချိန်ကိုက်ဗုံး ၄၄ လုံး၊ လက်ပစ်ဗုံး ၃ လုံး၊ မီးပုလင်း ၅၈ လုံး အပါအဝင် ဖောက်ခွဲရေး ပစ္စည်းပြုလုပ်ရာတွင် အသုံးပြုသည့် ယမ်းနှင့် ဆက်စပ်ပစ္စည်း မြောက်များစွာ သိမ်းဆည်းရမိခဲ့သည်။

၉။ အေးချမ်းစွာနေထိုင်လိုသည့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် လူမှုဘဝလုံခြုံရေးကို ခြိမ်းခြောက်အန္တရာယ်ပြုသည့် အကြမ်းဖက်တရားခံများအား ဉပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။