မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်သူများက နိုင်ငံတော်ပိုင်အဆောက်အဦများနှင့် အများပြည်သူပိုင်နေအိမ်အဆောက်အဦများအား မီးပုလင်း၊ မီးကွင်းများဖြင့် မီးရှို့ဖျက်ဆီး

နေပြည်တော်၊ မေ ၁၅

မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်သူများက နိုင်ငံတော်ပိုင် အဆောက်အဦများနှင့် အများ ပြည်သူပိုင်နေအိမ် အဆောက်အဦများအား မီးပုလင်း၊ မီးကွင်းများဖြင့် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရ သည်။

ထို့သို့ပြုလုပ်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ မေလ ၁၄ ရက် နံနက် ၁ နာရီအချိန်တွင် မကွေးတိုင်း ဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ လောင်းရှည်မြို့၊ ငှက်ပြာကျင်းကျေးရွာ၊ အခြေခံပညာ မူလတန်းကျောင်း ဝင်းအတွင်းရှိ ဆရာ/ဆရာမများ နေထိုင်သည့် နေအိမ် ၂ လုံးအား လည်းကောင်း၊ မေလ ၁၄ ရက်နေ့ ည ၈ နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည် မြို့နယ်၊ တောဂျင်ကျေးရွာရှိ ယာယီပိတ်သိမ်းထားရှိသော ရေဦး-တန့်ဆည်-ကလေးဝသွား ကားလမ်း နတ်စင်တောင်(မဟာမြိုင်) စုပေါင်းစစ်ဆေးရေးဂိတ်အား လည်းကောင်း အကြမ်းဖက်သူများက မီးရှို့ ဖျက်ဆီးခဲ့သဖြင့် မီးလောင် ပျက်စီးဆုံးရှုံးခဲ့ ကြောင်းသိရသည်။

ထို့အပြင် နံနက် ၁ နာရီခွဲအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့၊ မြို့မ(၁)ရပ်ကွက်ရှိ ရပ်ကွက်စီမံအုပ်ချုပ်ရေးမှူး ဦးကျော်ဦး၏ နေအိမ်နှင့် နံနက် ၁ နာရီ ၅၀ မိနစ်အချိန်က မဒေါက်မြို့၊ မြို့မ(၂)ရပ်ကွက်ရှိ ရပ်ကွက် စီမံအုပ်ချုပ်ရေးမှူး ဦးသိန်းလွင်၏ နေအိမ် တို့အား အကြမ်းဖက်သူလူတစ်စုက မီးစာတပ်ထား သော မီးပုလင်းများ၊ လက်လုပ်ဗုံးများဖြင့် ပစ်ပေါက်ခဲ့သော်လည်း မီးလောင်ကျွမ်းမှုနှင့် ပေါက်ကွဲမှုမရှိခဲ့ကြောင်းသိရှိရသည်။

အထက်ပါဖြစ်စဉ်များမှ မီးရှို့ခဲ့သူများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူသွား နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။