မြို့နယ်အချို့၌ ပြည်သူလူထုမှ လက်လုပ်သေနတ်များအား အုပ်ချုပ်ရေးတာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံ

နေပြည်တော်၊ မေ ၂၇
    
တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်အချို့၌ ပြည်သူလူထုများမှ ၎င်းတို့၏ သဘောဆန္ဒအလျောက် ၎င်းတို့ထံတွင်ရှိသော လက်လုပ် သေနတ်များအား အုပ်ချုပ်ရေးတာဝန်ရှိသူများ မှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံ ခဲ့ကြောင်း သိရသည်။
    
ထို့သို့အပ်နှံရာတွင် မေလ ၂၆ ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ သကြားချောင်းကျေးရွာမှ လက်လုပ်တူမီးသေနတ် ၂ လက်အား လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဆင်ကုန်းကျေးရွာမှ လက်လုပ်သေနတ် ၁ လက်အား လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ပန်းတင်ကျေးရွာမှ လက်လုပ်သေနတ် ၂ လက်အား လည်းကောင်း ကျေးရွာ အုပ်ချုပ်ရေး တာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံခဲ့ကြောင်းသိရသည်။
    
ထိုကဲ့သို့ လက်နက်ကိုင်ဆောင်လိုခြင်းမရှိသည့် ပြည်သူလူထုမှ လာရောက်အပ်နှံသော လက်လုပ်သေနတ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လက်ခံရယူခဲ့ပြီး စနစ်တကျသိမ်းဆည်းထားရှိ ကြောင်း သတင်းရရှိသည်။