မြို့နယ်အချို့၌ လက်လုပ်သေနတ်များအား ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံ

နေပြည်တော်၊ ဇွန် ၁၃
    
တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်အချို့မှ လက်လုပ်သေနတ်များအား ကျေးရွာ /ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက် အပ်နှံ ခဲ့ကြောင်း သိရသည်။
    
ထိုသို့အပ်နှံခဲ့ရာတွင် ဇွန်လ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့ နမ့်ပုံးပုံးရပ်ကွက်နှင့် ကုန်းမခံကျေးရွာမှ ပြည်သူများက လက်လုပ်တူမီးသေနတ် ၁၂ လက် အားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ သပြေကုန်းကျေးရွာအုပ်စုမှ လက်လုပ်လေထိုးသေနတ် ၁ လက်အားလည်းကောင်း၊ မြောင်းမြမြို့နယ်၊ သဇင်ကုန်းကြီး ကျေးရွာအုပ်စုမှ လေသေနတ် ၁ လက်အားလည်းကောင်း၊ လပွတ္တာမြို့နယ်၊ ပိုးလောင်း ကျေးရွာအုပ်စုမှ လေသေနတ် ၂ လက်အားလည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ စကားကျေးရွာမှ လက်လုပ်တူမီးသေနတ် ၂ လက်၊ လုပ်လက်စတူမီးသနတ် ၂ လက်နှင့် လက်လုပ် ဂက်စ်သေနတ် ၁ လက်တို့အားလည်းကောင်း ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူများမှ တစ်ဆင့် လုံခြုံရေး တပ်ဖွဲ့ဝင်များသို့ အသီးသီးလာရောက်အပ်နှံခဲ့ကြောင်း သိရှိရသည်။

ထိုကဲ့သို့  ပြည်သူလူထုမှ လာရောက်အပ်နှံသော လက်လုပ် သေနတ်များအား လုံခြုံရေး တပ်ဖွဲ့ဝင်များမှ စနစ်တကျ လက်ခံရယူခဲ့ပြီး သိမ်းဆည်းထားရှိကြောင်း သတင်းရရှိသည်။