မြို့နယ်အချို့၌ လက်လုပ်သေနတ်များအား ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံ

နေပြည်တော်၊ ဇွန် ၉

တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်အချို့တွင် လက်လုပ်သေနတ်များအား ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများမှ တစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံကြောင်း သိရသည်။

ထိုသို့အပ်နှံခဲ့ရာတွင် ဇွန်လ ၈ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ပန်းတင်ကုန်းကျေးရွာအုပ်စုမှ တာဝန်သိပြည်သူများမှ ပန်းတင်ကျေးရွာနှင့် ရေလဲအထက်စုကျေးရွာ ကြား ကညင်ချောင်းရိုးတစ်လျှောက်၌ ပိုင်ရှင်မဲ့ကောက်ယူရရှိသည့် လေသေနတ် ၈ လက်၊ ဒူးလေး ၂ လက်၊ မြှားတံ ၁ ချောင်းတို့အားလည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ အရှေ့ကြူအင်းနှင့် ကုန်းမုံကျေးရွာတို့မှ တာဝန်ရှိသူများက လက်လုပ်တူမီးသေနတ် ၉ လက်တို့အားလည်းကောင်း ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေး တပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံခဲ့ကြကြောင်း သိရသည်။

ထိုကဲ့သို့ လက်နက်ကိုင်ဆောင်လိုခြင်းမရှိသည့် ပြည်သူလူထုမှ လာရောက်အပ်နှံသော လက်လုပ်သေနတ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စနစ်တကျ လက်ခံရယူခဲ့ပြီး သိမ်းဆည်းထားရှိ ကြောင်း သတင်းရရှိပါသည်။