မြို့နယ်အချို့၌ အနာဂတ်မျိုးဆက်သစ်လူငယ်များအတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို မလိုလားသူ နိုင်ငံရေးအစွန်းရောက်များက အကြမ်းဖက်ခြိမ်းခြောက်မှုများနှင့် သတ်ဖြတ်မှုများ လုပ်ဆောင်

မြို့နယ်အချို့၌ အနာဂတ်မျိုးဆက်သစ်လူငယ်များအတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို မလိုလားသူ နိုင်ငံရေးအစွန်းရောက်များက အကြမ်းဖက်ခြိမ်းခြောက်မှုများနှင့် သတ်ဖြတ်မှုများ လုပ်ဆောင်

 
နေပြည်တော်၊ ဇွန် ၁၅

 
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏အနာဂတ်မျိုးဆက်သစ်လူငယ်များ၏ ပညာရေး နောက် ကျကျန်ရစ်မှုမဖြစ်ပေါ်စေရေးအတွက် ပညာသင်ကြားနိုင်မှုအခွင့်အလမ်းကို ပြည့်ဝစွာ အသုံးချနိုင် စေရန် အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်မှ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ NUG အကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ နိုင်ငံရေးအစွန်းရောက်အကြမ်းဖက်များက အနာဂတ် မျိုးဆက်သစ်လူငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်း စားများ ဖြစ်ပေါ်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ မိဘများအား အထိတ်တလန့် ဖြစ်စေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် စာသင်ကျောင်းများ၌ ပညာသင်ကြားရေးကို ဆန့်ကျင်ခြိမ်းခြောက်စာများ ရေးသားချိတ်ဆွဲ၍ ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်သတ်ဖြတ်ခြင်းများ လုပ်ဆောင် လျက်ရှိသည်ကို တွေ့ရှိရသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၄ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ဧရာ၀တီတိုင်း ဒေသကြီး၊ ကြံခင်းမြို့နယ်၊ ရေနံတောင်ကျေးရွာရှိ ရေနံတောင်အခြေခံပညာအထက်တန်းကျောင်း၌ လည်းကောင်း၊ ကြံခင်းမြို့နယ်၊ ညောင်ဝိုင်းကျေးရွာရှိ ညောင်ဝိုင်းအခြေခံပညာမူလတန်းကျောင်း၌ လည်းကောင်း၊ နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၃/မာန်ပြေရပ်ကွက်၊ အမှတ်(၃)အခြေခံပညာကျောင်း၌လည်းကောင်း အနာဂတ်လူငယ်များ၏ ပညာသင်ကြားခြင်းကို အဟန့်အတားဖြစ်စေသည့် ခြိမ်းခြောက်စာများ ရေးသားထားသည်ကို တွေ့ရှိရသည်။
ထို့ပြင် ယနေ့နံနက် ၈ နာရီ ၁၀ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်နေ ကိုဘိုမင်းသူ(၃၅)နှစ် (ဘ)ဦးဇော်မင်းဦးသည် ၎င်း၏သားဖြစ်သူအား ကျောင်းသို့ပို့ဆောင်ပြီး ပြန်လာစဉ် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ်(၇၀)ရပ်ကွက်၊ ကျောင်း လမ်းနှင့် အောင်ချမ်းသာ(၂)လမ်းထောင့်သို့ အရောက်၌ မော်တော်ဆိုင်ကယ်စီးနင်းလာသည့် အကြမ်းဖက်အမျိုးသား ၃ ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ကိုဘိုမင်းသူတွင် ကျည်ထိ မှန်ဒဏ်ရာများရရှိခဲ့သဖြင့် သင်္ဃန်းကျွန်းမြို့နယ်စံပြဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ မိဘများအား အထိတ်တလန့် ဖြစ်စေရန်နှင့် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားခြင်းမပြုနိုင်စေရန် ရည်ရွယ်၍ ခြိမ်းခြောက် အကြမ်းဖက်ခြင်းများနှင့် ရက်စက်စွာသတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက် လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။