မြို့နယ်အသီးသီး၌ စုပေါင်းသွေးလှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၂၀    
COVID-19  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်နေ သည့်ကာလအတွင်း ပြည်သူ့ဆေးရုံများရှိ သွေးလှူဘဏ်များ၌ သွေးမျိုးစုံလိုအပ်လျက်ရှိကြောင်း သိရှိရသဖြင့် သံဃာတော်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များရှိ အရာရှိ၊ စစ်သည်၊ မိသားစုများက စုပေါင်းသွေးလှူဒါန်း ပေးလျက်ရှိသည်။    
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အထွေထွေ ရောဂါကုဆေးရုံကြီးအတွက် ပုသိမ်မြို့၊ မိုးကုတ်ဝိပဿနာရိပ်သာကျောင်းတိုက်မှ သံဃာတော် ၅ ပါး၊ ဖြူစင် မေတ္တာ လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း(ပုသိမ်)မှ အသင်းသားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင် စုစုပေါင်း ၆၂ ဦးတို့က လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်ရှိ အမျိုးသားသွေး ဌာနအတွက် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ရန်ကုန်တပ်နယ်မှ အရာရှိ၊ စစ်သည် ၄၀ ဦးက လည်းကောင်း၊ မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်အတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မန္တလေးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစု ဝင် ၅၈ ဦးတို့က လည်းကောင်း သက်မှတ်နေရာအသီးသီး၌ သွေးလှူဒါန်းကြပြီး သက်ဆိုင်ရာနေရာများသို့ တာဝန်ရှိသူများက သွားရောက်လှူဒါန်းကြသည်။    
ထိုသို့ သွေးလှူဒါန်းနေမှုများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး သွေးအလှူရှင်များအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။