မြေပုံမြိုနယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား သွားရောက်ကြည့်ရှု

မြေပုံမြိုနယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား သွားရောက်ကြည့်ရှု

နေပြည်တော်၊ ဒီဇင်ဘာ - ၂၉

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့မိ/မြို့ဖများနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များက မြေပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သွားရောက်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး၊ လူမှုရေး၊ ကျန်းမာရေး၊ အားကစားကဏ္ဍဖွံ့ဖြိုး ရေးကိစ္စရပ်များနှင့်ပတ်သက်ပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် အငူကျေးရွာ တွင် အရှည်ပေ ၂၄၀၀ ပေရှိ ကျောက်စီလှိုင်းကာနံရံတည်ဆောက်နေမှုအခြေအနေများ အားလည်းကောင်း၊ မြေပုံမြို့နယ်၊ သဲတန်းရပ်ကွက်နှင့် အုန်းတောကျေးရွာ ကမ်းနား ပတ်လမ်းပေါ်ရှိ နတ်ချောင်းတံတား တည်ဆောက်ခြင်းနှင့် တံတားချဉ်းကပ်လမ်း မြေဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား လည်းကောင်း၊ မြေပုံမြို့ ဆိပ်ခံတံတားအား အကြီးစားပြင်ဆင်ရန်အတွက် တံတားအခြေအနေများအား လည်းကောင်း သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။