မြောက်ဉက္ကလာပမြို့နယ်၊ (ည)ရပ်ကွက်၊ ခေမာကျောင်းလမ်းနှင့် ဧရာ(၁၅)လမ်း ထောင့်အနီး၌ ဓားပြတိုက်၊ လူသတ်မှုကို ကျူးလွန်ခဲ့သူများ အပါအဝင် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နှင့် ရွှေပေါက်ကံ(မြို့သစ်) မြို့နယ်တို့အတွင်း လူသတ်မှု၊မ

နေပြည်တော်၊ ဧပြီ - ၂၉

 ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဉက္ကလာပမြို့နယ်၊ (ည)ရပ်ကွက်၊ ခေမာ ကျောင်းလမ်းနှင့် ဧရာ(၁၅)လမ်းထောင့်အနီး၌ မတ် ၂၇ ရက် ည ၁၂ နာရီခွဲခန့်တွင် စိုင်းခေး(ခ)အိုက်ခေး(ခ)ကေကေ(ဘ)ဦးထွန်းမြင့် အပါအဝင် လူအုပ်စု(၁၉)ဦးခန့် က ဗိုလ်ကြီး ထက်အောင်ကျော်နှင့် မောင်သန့်ဇင်ထွေးတို့ စီးနင်းမောင်းနှင် လာသည့် APACHE အမျိုးအစား အနက်ရောင်မော်တော်ဆိုင်ကယ်၊ ဗိုလ်ကြီး ထက်အောင်ကျော် ကိုင်ဆောင်သည့် ပစ္စတိုသေနတ် ၁ လက်၊ MAH(U) အမျိုးအစား ICON တစ်လုံးတို့အား လုယက်ယူဆောင်ခြင်း၊ ဗိုလ်ကြီး ထက်အောင်ကျော်နှင့် မောင်သန့်ဇင်ထွေး တို့အား နောက်ပြန်ကြိုးတုပ်ကာ တုတ်များ၊ ဓားများဖြင့် ဝိုင်းဝန်း ရိုက်နှက်ထိုးခုတ်ခြင်း၊ လက်သီးဖြင့် ထိုးခြင်းနှင့် ခြေထောက်ဖြင့် ကန်ခြင်းများ ပြုလုပ် ခဲ့သဖြင့် ၎င်းတို့တွင် ဒဏ်ရာများ အသီးသီးရရှိကာ မောင်သန့်ဇင်ထွေးမှာ ယာဘက် ရင်ခေါင်းထိုးသွင်းဒဏ်ရာကြောင့် ယာဘက်အဆုတ်ထိုးသွင်းဒဏ်ရာရရှိပြီး ရင်ခေါင်း အတွင်းသွေးလွန်ခြင်းကြောင့် သွေးထွက်လွန်သွေးလန့်၍ သေဆုံးခဲ့ခြင်းတို့ ဖြစ်ခဲ့ရ သည်အထိ စိုင်းခေး(ခ)အိုက်ခေး(ခ)ကေကေ(ဘ)ဦးထွန်းမြင့် သည် ဓားပြမှုကို ကျူးလွန်ရာတွင် လူသတ်မှုကိုပါ ကျူးလွန်ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ပုဒ်မ-၃၉၆ အရ ဧပြီ ၂၈ ရက်တွင် “ သေဒဏ် ”အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။

 ထို့ပြင် လှိုင်သာယာ(အရှေိ့ပိုင်း)မြို့နယ်၌ မြင့်ချို(ခ)မဲကြီး(ဘ)ဦးအောင်ငြိမ်း သည်  မတ် ၂၆ ရက် ည ၈ နာရီခန့်တွင် မျိုးလေး(ခ)မျိုးလင်း(ဘ)ဦးမြင့်အောင် နှင့်အပြန်အလှန်စကားများကြစဉ် ၎င်း၏ လက်အတွင်းရှိ အရိုး(၇)လက်မခန့် အသွား(၂၄)လက်မခန့်၊ အရိုး/အသွား (၃၁)လက်မခန့်ရှိ တစ်ဖက်သွားဓားရှည်ဖြင့် ခုတ်ခဲ့သဖြင့် မျိုးလေး(ခ)မျိုးလင်း တွင် ငယ်ထိပ်ပြတ်ရှဒဏ်ရာ(၁)ချက်၊ ဝဲလက်ပြင် ပြတ်ရှဒဏ်ရာ (၁)ချက်၊ ဝဲဘက်ဂုတ်ပိုးပြတ်ရှဒဏ်ရာ (၁)ချက်တို့ရရှိခဲ့ပြီး ဦးခေါင်း ငယ်ထိပ်တွင် ရရှိသော ပြတ်ရှဒဏ်ရာကြောင်း သေဆုံးခဲ့သည့်အတွက် စစ်အုပ်ချုပ် ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ- ၃၀၂ (၂) အရ ဧပြီ ၂၈ ရက်တွင် “ အလုပ်နှင့်ထောင်ဒဏ် (၂၀)နှစ်” အမိန့်ချမှတ်လိုက် ကြောင်း သိရှိရသည်။

၎င်းအပြင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၃)ရပ်ကွက်၊ ပင်လုံလမ်းမပေါ် ၌ မတ် ၂၇ ရက် ည ၈ နာရီခွဲခန့်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ မြို့မရဲစခန်းမှ ဒုရဲမှူး ဇော်မင်းအောင် ဦးစီးလှည့်ကင်းအဖွဲ့မှ ယာဉ်အမှတ်၊ DD/3531 နံပါတ်ပါ Toyota Corolla အမျိုးအစား အငှားယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်းတွင် လိုက်ပါလာသူ ရန်ပိုင်(ဘ)ဦးဝင်းဌေး(ခ)ဦးလှရွှေ ၏ Jinljngdi စာတန်းပါ မြင်းချီး ရောင်ကျောပိုးအိတ်အတွင်းမှ မြန်မာငွေစက္ကူရောရာ သိန်း(၂၀)သိန်းခန့်၊ သားရေ ကြိုးနှင့် လောက်စာအိမ်တပ်ထားသည့် သစ်သားလေးဂွ(၁)ခု၊ သံကုံးသီး (၁၇)လုံး၊ နှစ်ဘက်အသွားပါ အရိုး(၁)လက်မခွဲခန့်၊ အသွား(၅)လက်မခွဲခန့်ရှိ သံဓားအိမ် အတွင်းထည့်ထားသော ဓားဦးချွန်(၁)ချောင်း၊ သီတာအာမခံစိန်ရွှေရတနာ စာတန်း ပါဘူးအတွင်းမှ အဖြူရောင်ပန်းပွင့်များပါ ပလတ် စတစ်အိတ်(၁)လုံး၊ Galaxy – SIII စာတန်းပါ ဖုန်းဘူးအတွင်းမှ အကြည်ရောင် ပလတ်စတစ်ဖြင့် ထုတ်ထားသည့် (၁ ဒသမ ၉ )ဂရမ်ရှိ ဘိန်းဖြူအထုပ်(၁)ထုပ်၊ အကြည်ရောင်ပလတ်စတစ်ကပ်ခွာ အိတ်ဖြင့် ထုတ်ထားသည့် အရိုးအရွတ်အသီး အခြောက် ( ၁ ဒသမ ၇ )ဂရမ်ခန့်ရှိ ဆေးခြောက်အထုပ်(၁)ထုပ်၊ Disposable- Syringe စာတန်းပါ 3 ml/cc ဆေးထိုး ပြွန်အသစ်(၁၁)ခုတို့အား ရှာဖွေတွေ့ရှိခဲ့ခြင်းဖြင့် မူးယစ်ဆေးဝါး(သို့မဟုတ်)စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများကို လက်ဝယ်ထားရှိခဲ့သည့်အတွက် စစ်အုပ်ချုပ် ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ-၁၆(ဂ)နှင့် လက်နက် များအက်ဥပဒေပုဒ်မ-၁၉(င) တို့အရ ဧပြီ ၂၈ ရက်တွင် “ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ်” အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။

 အလားတူ ရွှေပေါက်ကံ(မြို့သစ်)မြို့နယ်၊ အမှတ်(၂၁)ရပ်ကွက်၊ ဆိပ်ကမ်းသာ လမ်း၊ အိမ်အမှတ်(၁၃၃)အား မတ် ၃၀ ရက် ည ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် သတင်း အရ ဝင်ရောက်ရှာဖွေရာ  ကျော်မောင်မောင်ဇင်(ခ)ကျော်ကြီး(ဘ)ဦးမောင်မောင် အား ထိုင်လျက် မူးယစ်းဆေးဝါးသုံးစွဲနေသည်ကို တွေ့ရှိရပြီး ရှေ့ကြမ်းပြင်ပေါ်မှ ခဲပြားအပိုင်းအစဖြင့် ထုပ်ထားသော WY စာတမ်းပါ ပန်းရောင်စိတ်ရူးသွပ်ဆေးပြား (၇)ပြား၊ အလေးချိန်(၀ ဒသမ ၇)ဂရမ်ခန့်အား လက်ဝယ်ထားရှိခဲ့ခြင်းဖြင့် မူးယစ် ဆေးဝါး(သို့မဟုတ်)စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများကို လက်ဝယ်ထားရှိခဲ့ သည့်အတွက် စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ-၁၆(ဂ)အရ ဧပြီ ၂၈ ရက်တွင် “ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ်” အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။

ထို့အပြင် ရွှေပေါက်ကံ(မြို့သစ်)မြို့နယ်၊ အမှတ်(၂၁)ရပ်ကွက်၊ ပင်းယလမ်းပေါ် ၌ စိမ်းညို(ဘ)ဦးလှသိန်း သည် နွား(၂)ကောင်အား လည်ပင်းတွင် တာယာကွင်းစွပ် သံကြိုးခတ်၍ လမ်းပိတ်ထားပြီး ရှေ့တန်းအမှတ်(၅၉၇)ခြေမြန်တပ်ရင်း၊ ခေတ္တတပ် ရင်းမှူး ဗိုလ်မှူး စိုင်းဇော်မိုးထွန်း ဦးစီး ပူးပေါင်းအဖွဲ့အား အရိုး(၈)လက်မခွဲခန့်၊ အသွား (၁၈)လက်မခန့်၊ စုစုပေါင်းအရိုး/အသွား(၂၆)လက်မခွဲခန့်ရှိ ဓားဦးချွန်ငှက် ကြီးတောင်ဓား(၁)ချောင်းဖြင့် ဝင်ရောက်ခုတ်ခဲ့ခြင်းဖြင့် ရပ်ရွာအေးချမ်းသာယာရေး နှင့် အများပြည်သူလုံခြုံရေး တာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများ အား နှောင့်ယှက်တားဆီးခြင်းပြုခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး(Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ-၁၂၄- ဃ အရ ဧပြီ ၂၈ ရက်တွင် “ အလုပ်နှင့်ထောင်ဒဏ် (၇)နှစ်” အမိန့်ချမှတ်လိုက်ကြောင်း သိရှိရ သည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့ နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် အထည်ချုပ်စက်ရုံများ၊ အခြေခံပညာ အထက်တန်းကျောင်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများအား မီးရှို့ဖျက်ဆီးခြင်း၊ မီးငြိမ်းသတ်မှု မဆောင်ရွက်နိုင်ရန် တားဆီးနှောင့်ယှက်မှုများ ဆောင်ရွက်သည့် အပြင် အကြမ်းဖက်မှုများကိုပါ ဆောင်ရွက်လာသဖြင့် စစ်အုပ်ချုပ်ရေးအမိန့်             ( Martial  Law) အား မတ် ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ထုတ်ပြန်ကြေညာခဲ့သည်။  စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါ ပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။