မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ အား ကျောင်းဝတ်စုံများ၊ ကျောင်းသုံးဗလာစာအုပ်များနှင့် စာရေးကိရိယာများ ပေးအပ်
နေပြည်တော်၊ ဇွန် - ၁၃
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံများ၊ ကျောင်းသုံးဗလာစာအုပ်များနှင့် စာရေးကိရိယာများ ပေးအပ်ခြင်းကို ယနေ့ညနေပိုင်း တွင် တိုင်းစစ်ဌာနချုပ်ရှိ ဗလမင်းထင် ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦး နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြား လျက်ရှိ သည့် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူ ၃၇၂ ဦးအတွက် ကျောင်းဝတ်စုံများ၊ ကျောင်းသုံးဗလာစာအုပ်များနှင့် စာရေး ကိရိယာများကို အသီးသီးပေးအပ်ကြရာ ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူ ခဲ့ကြကြောင်း သတင်းရရှိသည်။