မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း (အမျိုးသား၊ အမျိုးသမီး)ဘော်လီဘော ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း (အမျိုးသား၊ အမျိုးသမီး)ဘော်လီဘော ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

 

နေပြည်တော်၊ ဇူလိုင် - ၂၂

 

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း(အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦး နှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြိုင်ပွဲဝင်အသင်းများ၏ ပထမနေ့ပွဲစဉ် ယှဉ်ပြိုင်နေမှု များကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ ဘော်လီဘောပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/ တပ်ဖွဲ့များမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၀ သင်းနှင့် အမျိုးသမီးအသင်း ၁၀ သင်း တို့ဖြင့် ဇူလိုင် ၂၈ ရက် အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။