မြောက်ဥက္ကလာပမြို့နယ်၊ (၂)ရပ်ကွက်အနီး ဆူပူဆန္ဒပြသူအချို့က လမ်းမပေါ်တွင် မီးရှို့ တားဆီး
နေပြည်တော်၊ မတ် - ၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (၂)ရပ်ကွက်အနီး၌ ယနေ့တွင် ဆူပူဆန္ဒပြသူအချို့က အုပ်စုဖွဲ့၍ ဆူပူဆန္ဒပြမှုများ ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင် များ လာရောက်၍ လူစုခွဲမှုများ မပြုလုပ်နိုင်ရန် ကားလမ်းမပေါ်တွင် အတားအဆီးများ ပိတ်ဆို့ခဲ့သည်။ ၎င်းအပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဘေးအန္တရာယ်ဖြစ်ပွားစေရန်နှင့် ရပ်ကွက်အတွင်းရှိ အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများကိုပါ ဆူပူမှုတွင် ပါဝင်လာစေရန် ရည်ရွယ်ချက်ဖြင့် ကားလမ်းပေါ်တွင် တာယာကွင်းများချထား၍ မီးရှို့မှုများ ကိုပါ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။
ထိုသို့ အများပြည်သူအသုံးပြုလျက်ရှိသော လမ်းများပေါ်တွင် အတားအဆီးများ ပိတ်ဆို့ခြင်း၊ မီးရှို့ခြင်းများပြုလုပ်ခြင်းသည် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ရှင်းလင်းရေးများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ သည်။