မွန်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ပြည်သူ့ဆေးရုံများ နှင့် အခြေခံပညာကျောင်းမျာ၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်

မွန်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ပြည်သူ့ဆေးရုံများ နှင့် အခြေခံပညာကျောင်းမျာ၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်
နေပြည်တော်၊ ဩဂုတ် - ၂၈
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမမြို့ တိုက်နယ်ပြည်သူ့ဆေးရုံ သန့်ရှင်းသာယာ လှပရေးအတွက် ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီ ရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ဆေးရုံဝန်းအတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် ရေစီရေ လာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများအား သထုံတပ်နယ်မှ တာဝန်ရှိသူများက စားသောက်ဖွယ်ရာများ ပေးအပ်သည်။
အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကန်ကြီးထောင့်မြို့၊ မြောင်းမြမြို့ နှင့် ကျိုက်လတ်မြို့များရှိ ပြည်သူ့ဆေးရုံများနှင့် အခြေခံပညာကျောင်းများ သန့်ရှင်း သာယာလှပရေးအတွက် ယနေ့တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စုပေါင်း၍ ဆေးရုံများနှင့် စာသင်ကျောင်းများ အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် စာသင်ခုံများပြန်လည်နေရာချထားပေး ခြင်းတို့ကို ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးနေမှုများကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။