မွန်ပြည်နယ်၊ ကျိုက်မရောမြို့ပြည်သူ့ဆေးရုံအတွင်း အောက်ဆီဂျင်စက်ရုံ ဖွင့်လှစ်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့ပြည်သူ့ဆေးရုံအတွင်း အောက်ဆီဂျင်စက်ရုံ ဖွင့်လှစ်

နေပြည်တော်၊ အောက်တိုဘာ - ၇

မွန်ပြည်နယ်၊ ကျိုက်မရောမြို့ပြည်သူ့ဆေးရုံအတွင်း အောက်ဆီဂျင်စက်ရုံ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါနေရာ၌ ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးက အောက်ဆီဂျင်စက်ရုံအတွက် အောက်ဆီဂျင် ၄၀ လီတာအိုး ၂၀ လုံးနှင့် ဆက်စပ်ပစ္စည်း များကို ပေးအပ်လှူဒါန်းရာ ကျန်းမာရေးဦးစီးဌာနမှူးက လက်ခံရယူပြီး ဂုဏ်ပြုမှတ် တမ်းလွှာပြန်လည်ပေးအပ်သည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အလှူရှင်များ အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး အောက်ဆီဂျင်စက်ရုံအား ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးကာ ကဗ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖျန်း၍ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါ အောက်ဆီဂျင်စက်ရုံအား စက်တင်ဘာ ၂ ရက်တွင် ပြည်နယ်အစိုးရနှင့် စေတနာရှင်အလှူရှင်များက စုပေါင်းတည်ဆောက်လှူဒါန်းခြင်းဖြစ်ပြီး တစ်ရက်လျှင် အောက်ဆီဂျင် ၄၀ လီတာအိုး ၆၀ လုံးခန့် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။