မွန်ပြည်နယ်၊ သထုံမြို့နယ်၌ အမှတ်(၉၀)အစုန်ရထားအား PDF အမည်ခံ အကြမ်းဖက်သမား များက မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်

မွန်ပြည်နယ်၊ သထုံမြို့နယ်၌ အမှတ်(၉၀)အစုန်ရထားအား PDF အမည်ခံ အကြမ်းဖက်သမား များက မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်

 
နေပြည်တော်၊ မတ် ၃

 
မွန်ပြည်နယ်၊ သထုံမြို့နယ်၌ အမှတ်(၉၀)အစုန်ရထားအား PDF အမည်ခံ အကြမ်းဖက် သမားများက မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ်လ ၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် မွန်ပြည်နယ်၊ သထုံ မြို့နယ်၊ နန်းခဲရပ်ကွက်ရှိ သထုံဘူတာ၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မော်လမြိုင်မှ ရန်ကုန်သို့ စက်ခေါင်းမောင်း ဦးမင်းလွင်၊ ရထားထိန်း ဦးမြင့်အောင်၊ တွဲထိန်း ဦးသန်းဇော်ဦးတို့ မောင်းနှင်လာသည့် လူစီးတွဲ(၁၂)တွဲ၊ မိုင်းခံတွဲ (၁)တွဲ၊ ဂတ်တွဲ(၁)တွဲပါ ခရီးသည် ၃၅၀ ဦးခန့်လိုက်ပါလာသည့် စက်ခေါင်းအမှတ် DF 1228 အမှတ် (၉၀)အစုန်ရထားသည် ရထားလမ်းမိုင်တိုင်အမှတ် ၁၃၈ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံကြား သထုံ ဘူတာနှင့် ၆ ဖာလုံခန့်အကွာ အလံချိုးသည့်နေရာအရောက်တွင် ရထားတွဲအမှတ် BDFEZ-12205 ဒုတိယတွဲ(ပထမတန်း)အောက်မှ လက်လုပ်အသံမိုင်း ၁ လုံး ပေါက်ကွဲခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် ကွန်ကရစ်ဇလီဖားတုံး ၁ တုံး ၄ လက်မပတ်လည်ခန့်ပျက်စီးခဲ့ပြီး သံလမ်းထိန်းကလစ် ၁ ကွင်း အနည်းငယ်ကွေးသွားခဲ့ကြောင်း သိရှိရသည်။
ထိုကဲ့သို့ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်စေရန်အတွက် ရထားအား မိုင်းထောင် ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။