ယခုဘောလုံးရာသီကုန်တွင် ပရီးမီးယားလိဂ်မှ လောင်းကစားကုမ္ပဏီ အမှတ်တံဆိပ် ဂျာစီရင်ဘတ်စပွန်ဆာများကိုခွင့်ပြုမည်မဟုတ်
လန်ဒန်၊ ဘောလုံး
ဗြိတိန်အစိုးရက လောင်းကစားဥပဒေကို ပြန်လည်သုံးသပ်ခဲ့ပြီးနောက် ယခုဘောလုံးရာသီကုန်တွင် ပရီးမီးယားလိဂ် ကလပ်အသင်း များ၏ ဂျာစီရင်ဘတ်မှ လောင်းကစားကုမ္ပဏီအမှတ်တံဆိပ်များကို ဝတ်ဆင် ခွင့်ပြုတော့မည်မဟုတ်ကြောင်း သိရသည်။
ဗြိတိန်အစိုးရသည် အစောပိုင်းကတည်းက ဘောလုံးအသင်းများတွင် လောင်းကစားကုမ္ပဏီအမှတ်တံဆိပ်များ ပိုမိုများပြားလာခြင်း ကို တားမြစ်လိုသည့်အတွက် နိုင်ငံအတွင်းရှိ လောင်းကစားဥပဒေကို ပြန်လည်သုံးသပ်ခဲ့ပြီးနောက် ယခုဘောလုံးရာသီ ကုန်တွင် လောင်းကစားကုမ္ပဏီအမှတ်တံဆိပ်များကို ပရီးမီးယားလိဂ်ကလပ်အသင်းများ၏ ဂျာစီရင်ဘတ်၌ အသုံးပြုမှုများကို တားမြစ်မည် ဖြစ်သည်။
ကမ္ဘာ့ထိပ်တန်းလောင်းကစားကုမ္ပဏီကြီးများသည် နောက်ပိုင်းနှစ်များတွင် ၎င်းတို့၏အမှတ်တံဆိပ်များကို လူများပိုမိုသိရှိလာ နိုင်ရန် ကမ္ဘာ တစ်ဝန်း အားပေးမှုအများဆုံးဖြစ်သည့် ပရီးမီးယား လိဂ်ကလပ်အသင်းများကို စပွန်ဆာငွေအမြောက် အမြားပေးချေပြီး ဂျာစီရင်ဘတ်စပွန်ဆာအဖြစ် ကြေညာမှုများ မြင့်တက်လာခြင်းဖြစ်သည်။
လက်ရှိ ပရီးမီးယားလိဂ်ကလပ်အသင်း ၂၀ တွင် လောင်းကစားကုမ္ပဏီအမှတ်အသားများကို ရင်ဘတ် စပွန်ဆာအဖြစ်အသုံးပြုသည့် အသင်းကိုးသင်းအထိရှိပြီး အဆိုပါကလပ်အသင်းများအနေဖြင့် လောင်းကစားကုမ္ပဏီများနှင့် ချုပ်ဆိုထားသည့် ရင်ဘတ်စပွန်ဆာ စာချုပ်အရ တစ်နှစ်လျှင် စပွန် ဆာကြေး စတာလင်ပေါင် သန်း ၁၀၀ ကျော်စီရရှိ လျက်ရှိသည်။ ယခုကဲ့သို့ ဗြိတိန်အစိုးရက ကန့်သတ်ခဲ့သည့်အတွက် အဆိုပါအသင်းများ၏ ဂျာစီရင်ဘတ်စပွန်ဆာအတွက် ဝင်ငွေများစွာဆုံးရှုံးလာနိုင်ကြောင်း သိရသည်။
Ref;The Athletic