မက်ဒရစ်၊ ဘောလုံး
ယခုဘောလုံးရာသီကုန်လျှင် ဘာစီလိုနာအသင်း အဓိကလူငယ်ကစားသမား ဖာတီသည် မက်ဆီကဲ့သို့ အလွတ်ပြောင်းရွှေ့ကြေး ဖြင့်ထွက်ခွာရန် ပြင်ဆင်နေကြောင်း သိရသည်။
အသက် ၁၈ နှစ်သာရှိသေးသော ဖာတီသည် ပြီးခဲ့သည့်ဘောလုံးရာသီက ဘာစီလိုနာအသင်း၌ စတင် ပါဝင်ကစားပြီးနောက် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ ကာ မက်ဆီ၏နေရာ၌ ဆက်ခံနိုင်မည့်ကစားသမား အဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။
ဖာတီသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အသင်း မှအလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာခဲ့သော မက်ဆီ ဝတ်ဆင်ကစားခဲ့သည့် ကျောနံပါတ် (၁၀) ကို ဝတ်ဆင် ကစားခွင့်ရရှိသော်လည်း ၎င်းအနေဖြင့် ဘာစီလိုနာအသင်းနှင့် အနာဂတ်မရေမရာဖြစ်နေပြီး အသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာရန်ပြင်ဆင်လာ ခြင်းဖြစ်သည်။
ဘာစီလိုနာအသင်းနှင့် ဖာတီတို့၏ လက်ရှိစာချုပ် သက်တမ်းမှာ ယခုဘောလုံးရာသီကုန်ဆုံးလျှင် ပြီးဆုံး မည်ဖြစ်ပြီး ဘာစီလိုနာ အသင်းက စာချုပ်ချုပ်ဆိုစဉ် နှစ်နှစ်သက်တမ်းတိုးခွင့်အချက်အလက်ကို ထည့်သွင်း ထားခြင်းဖြစ်သည်။
သို့သော် ဘာစီလိုနာအသင်းနှင့် ဖာတီတို့ စာချုပ် ချုပ်ဆိုစဉ်က ဖာတီသည် အသက် ၁၈ နှစ်မပြည့်သေးသောကြောင့် စာချုပ် သက်တမ်းကုန်ဆုံးချိန်တွင် နှစ်နှစ် သက်တမ်းတိုးခွင့်အချက်အလက်မှာ အကျုံးဝင်မည် မဟုတ်သည့်အတွက် ဖာတီအနေဖြင့် စာချုပ်သက်တမ်း ကုန်ဆုံးပါက အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာနိုင် မည်ဖြစ်သည်။
လက်ရှိတွင် ဖာတီအနေဖြင့် ဘာစီလိုနာအသင်း၏ စာချုပ်သစ်ကမ်းလှမ်းမှုကိုလည်း ငြင်းဆန်ထားပြီး စာချုပ်သက်တမ်း ကုန်ဆုံးချိန်တွင် မက်ဆီကဲ့သို့ အလွတ် ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာရန် ပြင်ဆင်နေခြင်းဖြစ်ကာ ၎င်းကို ဥရောပထိပ်တန်း အသင်းကြီးများဖြစ်သည့် ပီအက်စ်ဂျီ၊ ချယ်လ်ဆီး၊ မန်ယူ၊ ဘိုင်ယန်မြူးနစ်နှင့် လီဗာပူးအသင်းတို့က အပြိုင်ခေါ်ယူဖွယ်ရှိကြောင်း သိရသည်။
Ref;AS