ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၁၃၆၁ ဦး ထပ်တိုး

နေပြည်တော် အောက်တိုဘာ ၂၃
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ယနေ့ ည ၈နာရီတွင် COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်း ထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲ အဖြေများ၌ COVID-19 ရောဂါ ပိုးတွေ့လူနာ ၁၃၆၁ ဦးနှင့် သေဆုံးသူ ၃၃ ဦး ရှိကြောင်း သိရသည်။
(၂၂-၁ဝ-၂ဝ၂ဝ)ရက် ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲ အတည်ပြုလူနာ ၁၃ဝ၈ ဦး၏ မြို့နယ် အလိုက် တွေ့ရှိရမှု အခြေအနေကို ယနေ့ ည ၆ နာရီတွင် သတင်း ထုတ်ပြန်ခဲ့သည်။
(၂၂-၁ဝ-၂ဝ၂ဝ)ရက် ည ၈နာရီမှ (၂၃-၁ဝ-၂ဝ၂ဝ)ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၃၆၉၉ ခုအား စစ်ဆေး ပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြု လူနာသစ် ၁၃၆၁ ဦးတွေ့ရှိရကြောင်း ကျန်းမာ ရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။