ယနေ့ပိုးတွေ့လူနာသစ် ၁၅ ၅ ဦးထပ်တိုး
နေပြည်တော် စက်တင်ဘာ ၂ဝ
ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ သံသယ လူနာများ၊ ဓာတ်ခွဲ အတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအားကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ (၁၉-၉-၂ဝ၂၁)ရက် ည ၈ နာရီမှ (၂ဝ-၉-၂ဝ၂၁)ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၇၃ဝ၉ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲတည်ပြုလူနာသစ် ၁၅၈၅ ဦးတွေ့ရှိရသည်။
သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၄၁၂၇၆၆၁ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၄၄၈၁၅၈ ဦးရှိပြီဖြစ်သည်။
ယနေ့တွင် ဆေးရုံဆင်းခွင့် ရရှိသူ ၁၉၄၈ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၄ဝဝ၁၆၈ ဦး ဆေးရုံမှဆင်းခွင့် ရရှိပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ ၅၆ ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း ၁၇၁၂၉ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။