ယူ-၂၃ အာရှဖလား ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ မြန်မာအသင်း ပါဝင်သည့် အုပ်စု (I) ကျင်းပမည့် နိုင်ငံနှင့် ကာလပြောင်းလဲ
အာရှဘောလုံးအဖွဲ့ချုပ်က ယူ-၂၃ အာရှ ဖလားဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ အုပ်စု (ှု)ကျင်းပမည့် နိုင်ငံနှင့် ကာလပြောင်းလဲခဲ့ သည့်အတွက် မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းအနေဖြင့် အုပ်စုအဖွင့်ပွဲစဉ်ကို အောက်တိုဘာ ၃ဝ ရက်မှသာ စတင်ကစား ရမည်ဖြစ်ကြောင်း သိရသည်။
အာရှဘောလုံးအဖွဲ့ချုပ် အနေဖြင့် အစောပိုင်းက မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်း ပါဝင်သည့် အုပ်စု (I) ကို တရုတ် (တိုင်ပေ) ၌ကျင်းပရန် သတ်မှတ်ထားသော်လည်း တရုတ် (တိုင်ပေ) က ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် အိမ်ရှင်အဖြစ်မှ နုတ် ထွက်ခဲ့သည့်အတွက် ဗီယက်နမ်နိုင်ငံ၌ ကျင်းပရန် ဆွေးနွေးခဲ့သော်လည်း အဆင် မပြေသောကြောင့် ကြားနိုင်ငံအဖြစ် ကာဂျစ္စတန်နိုင်ငံ၌ ကျင်းပရန် ပြောင်းလဲ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
အစောပိုင်းက ယူ-၂၃ အာရှဖလား ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ အုပ်စု (ှု) တွင် မြန်မာ၊ တရုတ် (တိုင်ပေ)၊ ဗီယက်နမ်နှင့် ဟောင်ကောင်အသင်းတို့ ပါဝင်ခဲ့သော် လည်း မြောက်ကိုရီးယားအသင်းက ပြိုင်ပွဲမှ နုတ်ထွက်ခဲ့သည့်အတွက် အာရှဘောလုံး အဖွဲ့ချုပ်က အုပ်စုအပြောင်းအလဲ တချို့ ပြုလုပ်ခဲ့ပြီး ဟောင်ကောင်အသင်းကို တခြား အုပ်စုတွင် သွားရောက်ကစားရန် သတ်မှတ်ခဲ့သဖြင့် အုပ်စု (I) ၌ သုံးသင်းဖြင့်သာ ကျင်းပမည်ဖြစ်သည်။
အစောပိုင်းက အာရှဘောလုံးအဖွဲ့ချုပ် က အုပ်စု (ှု) အုပ်စုပွဲစဉ်များကို အောက် တိုဘာ ၂၅ ရက်မှ ၃၁ ရက်အထိ ကျင်းပရန် သတ်မှတ်ထားသော်လည်း အိမ်ရှင် နိုင်ငံအပြောင်းအလဲကြောင့် ပြိုင်ပွဲကျင်းပမည့် ကာလကိုလည်း အပြောင်းအလဲပြုလုပ် ခဲ့ပြီး အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ ကျင်းပမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းအနေဖြင့် အုပ်စုအဖွင့်ပွဲစဉ် အဖြစ် အောက်တိုဘာ ၃ဝ ရက်တွင် တရုတ် (တိုင်ပေ) အသင်းနှင့် စတင်ကစား ရမည်ဖြစ်ပြီး နိုဝင်ဘာ ၂ ရက်တွင် ဗီယက် နမ်အသင်းနှင့် ကစားရမည်ဖြစ်သည်။
ယူ-၂၃ အာရှဖလားဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့ လက်ရွေးစင် ယူ-၂၃ အသင်းကို နည်းပြချုပ် အဖြစ် ပိုပေါ့က တာဝန်ယူကိုင်တွယ်မည် ဖြစ်ပြီး ပြိုင်ပွဲအတွက် စက်တင်ဘာလဆန်း ပိုင်းကတည်းက ပဏာမ ကစားသမားဦးရေ ၃ဝ ခန့်ဖြင့် စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။