ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက တိုက်ပွဲရှောင်နေရပ်ပြန်ပြည်သူများအတွက် အလှူငွေများ၊ အိမ်ဆောက်ပစ္စည်းများနှင့်အိမ် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်

 

ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက တိုက်ပွဲရှောင်နေရပ်ပြန်ပြည်သူများအတွက် အလှူငွေများ၊ အိမ်ဆောက်ပစ္စည်းများနှင့်အိမ် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ မတ် - ၁၅
    
ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများ က တိုက်ပွဲရှောင်နေရပ်ပြန်ပြည်သူများအား အလှူငွေများ၊ အိမ်ဆောက်ပစ္စည်းများနှင့် အိမ် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊   ရသေ့တောင်မြို့နယ်ရှိ ရွှေလောင်းတင်ကျေးရွာ သာသနာ့မူလမဟာသီရိ ဘုန်းတော်ကြီးကျောင်း   ဓမ္မာရုံ၌ ပြုလုပ်ရာ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မင်း နှင့် အဖွဲ့ဝင်များ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ကြသည်။
    
ဦးစွာ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မင်း က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုက်ပွဲရှောင်နေရပ်ပြန်ပြည်သူများအတွက် ရခိုင်ပြည်နယ်  စီမံအုပ်ချုပ်ရေးကောင်စီနှင့်တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက ထောက်ပံ့လှူဒါန်းသည့် အလှူငွေကျပ်သိန်း ၉၀၊ အိမ်ဆောက်ပစ္စည်းများနှင့် အိမ်အသုံး အဆောင်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ကာ ရွှေလောင်းတင်ကျေးရွာ အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။ ထို့ပြင် နေရပ်ပြန်တိုက်ပွဲရှောင်ပြည်သူများ နေထိုင်ရာ နယ်မြေများအား မိုင်းရှင်းလင်းပေးခြင်း ဆောင်ရွက်ပေးမှုအပြင် အိမ်ဆောက်ပြုပြင် ရန်လိုအပ်မှုများ၊ လုပ်ကိုင်စားသောက်ရန် လိုအပ်ချက်များအတွက် ထောက်ပံ့မှုများ ဆောင်ရွက် ပေးလျက်ရှိပြီး ပြည်နယ်အတွင်း တိုက်ပွဲရှောင်ဒေသအသီးသီးအတွက်လည်း စုဖွဲ့ပြင်ဆင် ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
    
ဆက်လက်၍ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည်  သာသနာ့မူလမဟာသီရိ ဘုန်းတော်ကြီးကျောင်းဆရာတော် ဘဒ္ဒန္တ အာစရ အား ဖူးမြော် ကြည်ညိုကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ကျေးရွာအတွင်း လှည့်လည်ကြည့်ရှု ခဲ့ကြောင်း သတင်းရရှိသည်။