ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်/မီးသတ်စက်များနှင့် ရှာဖွေကယ်ဆယ်ရေး သရုပ်ပြသ

ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်/မီးသတ်စက်များနှင့် ရှာဖွေကယ်ဆယ်ရေး သရုပ်ပြသ

နေပြည်တော်၊ မတ်- ၄

ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာန မီးသတ်တပ်ဖွဲ့ဝင်များ၏ မီးသတ်ယာဉ်/ မီးသတ် စက်များအသင့်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ရှာဖွေကယ်ဆယ်ရေး သရုပ်ပြသခြင်းကို ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ ပြည်နယ်မီးသတ်ဦးစီးဌာန၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ဦးစွာ ပြည်နယ်မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းထိုက် က မီးဘေး အန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်များနှင့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များက အထပ်မြင့် အဆောက်အဦပေါ်မှကြိုးဆင်းနည်းများ၊ မီးလောင်မှု ကြောင့်ဖြစ်စေ၊ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်စေ အထက်မြင့်တိုက်ပေါ်ရှိ ဒဏ်ရာရရှိ သောလူနာအား သယ်ယူကြိုးဆင်းခြင်း စသည့်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို သရုပ်ပြသကြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များက ခင်းကျင်း ပြသထားသော မီးသတ်ဦးစီးဌာန၏ မီးဘေးလုံခြုံရေး ၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး နှင့် ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်မှုများ၊ မီးငြှိမ်းသတ်ရေးယာဉ်နှင့် ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းသုံးဆက်စပ်ပစ္စည်းများ၊ မီးသတ်ရေကန်များ ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မီးသတ် တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သတင်းရရှိသည်။