ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ ၎င်းတို့၏နေရပ်ဒေသအသီးသီးသို့ ပြန်လည်နေထိုင်နိုင်ရေးအတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
နေပြည်တော်၊ မတ် - ၇
ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ ၎င်းင်းတို့၏နေရပ်ဒေသအသီးသီးသို့ ပြန်လည်နေထိုင်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သား များက မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် အမ်း-စစ်တွေ ပြည်ထောင်စု ကားလမ်းမကြီး တစ်လျှောက်တွင် လည်းကောင်း၊ ရသေ့တောင်မြို့နယ် ရွေလောင်းတင်ကျေးရွာတစ်ဝိုက်နှင့် ကျေးရွာချင်းဆက်လမ်းများတွင် လည်းကောင်း၊ မြောက်ဦးမြို့နယ်၊ မျှော်တော်မူဘုရားဝန်း အတွင်းနှင့် ဘုရားပတ်ဝန်းကျင်တစ်ဝိုက်တွင် လည်းကောင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများကို နယ်မြေခံတပ်မတော်သားများက ဆက်လက်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။