နေပြည်တော် ဖေဖော်ဝါရီ ၁၅
ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ ၎င်းတို့၏ နေရပ်ဒေသ အသီးသီးသို့ ပြန်လည်နေထိုင်နိုင်ရေး အတွက် ယနေ့တွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေခံ တပ်မတော်သားများက မိုင်းရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် အမ်း-စစ်တွေ ပြည်ထောင်စု ကားလမ်းမကြီး တစ်လျှောက်နှင့် အငူမော်၊ ခမောင်းဆိပ်ကျေးရွာသွား လမ်းများအား တပ်မတော်သား များက မိုင်းရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။