ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ ၎င်းတို့၏ နေရပ်ဒေသအသီးသီးသို့ ပြန်လည်နေထိုင်နိုင်ရေး အတွက် မိုင်းရှင်းလင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၇

   ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ ၎င်းတို့၏ နေရပ်ဒေသအသီးသီးသို့ ပြန်လည်နေထိုင်နိုင်ရေးအတွက် ယနေ့တွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေခံ တပ်မတော်သားများက မိုင်းရှင်းလင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။

     ထိုသို့ ဆောင်ရွက်ပေးရာတွင် အမ်း-စစ်တွေ ပြည်ထောင်စု ကားလမ်းမကြီး တစ်လျှောက်နှင့် အငူမော်၊ ခမောင်းဆိပ် ကျေးရွာသွား လမ်းများအား တပ်မတော်သား များက မိုင်းရှင်းလင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။