ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအား တွေ့ဆုံ

ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအား တွေ့ဆုံ

နေပြည်တော်၊ အောက်တိုဘာ - ၂၇

ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့ များအား အောက်တိုဘာ ၂၆ ရက် နေ့လယ်ပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများက စစ်တွေမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်ညွှန်ကြားရေး မှူးရုံးခန်၌ သွားရောက်တွေ့ဆုံသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ရခိုင်၊ ခမီ၊ ဒိုင်းနက်(သက္ကမ)၊ မာရမာကြီး၊ မြို၊ သက်၊ စုမ်းတူ(ချင်း)၊ လေးတူ(ချင်း)၊ လောက်တူ (ချင်း)၊ အရှို(ချင်း)၊ ဉ(ပ်)ပူး(ချင်း)စသည့် စာပေနှင့်ယဉ်ကျေးမှု အသင်း/အဖွဲ့များမှ တာဝန်ရှိသူများက တိုင်းရင်းသားလူမျိုးများအလိုက် စာပေနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်နေမှု၊ ဒေသဖွံ့ဖြိုးရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးရေးဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြကြရာ တာဝန်ရှိသူများက လိုအပ်သည်များ အကြံပြုဆွေးနွေးကြပြီး တိုင်းမှူးက လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။