ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဝါဘိုကျေးရွာအား မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး စတင်ဖြန့်ဖြူးခြင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါ်အေးနုစိန် ၊ ဖဒိုမန်းငြိမ်းမောင်၊ ဦးမောင်းဟာ၊ ရခိုင်ပြည်နယ်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဝါဘိုကျေးရွာအား မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး စတင်ဖြန့်ဖြူးခြင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

နေပြည်တော်၊ ဖေ - ၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါ်အေးနုစိန် ၊ ဖဒိုမန်းငြိမ်းမောင်၊ ဦးမောင်းဟာ၊ ရခိုင်ပြည်နယ်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး တို့သည် ပြည်နယ် ဝန်ကြီးများဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်တွေမြို့နယ် ဝါဘိုကျေးရွာသို့ အမြန်ရေယာဉ်ဖြင့် ရောက်ရှိ ကြရာ ဒေသခံပြည်သူများနှင့်အတူ ဝါဘိုကျေးရွာအား မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး စတင်ဖြန့်ဖြူးခြင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန် မှ အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်မှ အမှာစကားပြောကြားသည်။ ဆက်လက်၍ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ဒုတိယပြည်နယ်လျှပ်စစ် အင်ဂျင်နီယာမှူး ဦးဇော်မိုး က လုပ်ငန်းဆောင်ရွက်နေမှုများအားရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး နှင့် တာဝန်ရှိသူ များက ဝါဘိုကျေးရွာအား လျှပ်စစ်ဖြန့်ဖြူးပေးမည့် Transformer အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ယင်းနောက် ကျေးရွာအတွင်း အိမ်တွင်းမှု ယကန်းလုပ်ငန်း များအားလှည့်လည် ကြည့်ရှုအားပေးကြရာ ရပ်မိ/ ရပ်ဖများက အဖွဲ့ဝင်များအား လက်ဆောက်ပစ္စည်းများ ပေးအပ်ကြသည်။
ရခိုင်ပြည်နယ်အတွင်း ကျေးရွာပေါင်း ၃၇၄၂ ရွာ ရှိသည့်အနက် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအထိ ဓာတ်အားစနစ်၊ ဆိုလာစနစ်၊ ဒီဇယ်စနစ်စသည့် နည်းလမ်းများဖြင့် မီးရရှိပြီး ကျေးရွာပေါင်း ၂၂၄၆ ရွာဖြစ်သည့်အတွက် ၆၀ ရာခိုင်နှုန်းခန့် လျှပ်စစ်မီး သုံးစွဲနိုင်ခဲ့ပြီးဖြစ်ရာ ယနေ့ ဝါဘိုကျေးရွာအပါအဝင်ဖြစ်ကြောင်းသိရှိရသည်။
ထို့နောက် အဖွဲ့ဝင်များသည် စစ်တွေ- ဝါဘိုချောင်းကူးတံတား အရှည် ၄၈၀ ပေတည်ဆောက်ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှုကြရာ ဆောက်လုပ်ရေးဝန်ကြီး ဌာန တံတားဦးစီးဌာနတည်ဆောက်ရေး(၂)၊ တံတားအထူးအဖွဲ့(၇)မှ တာဝန်ရှိသူများက တံတားတည်ဆောက်ရေးလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြကြောင်း သတင်း ရရှိသည်။