ရခိုင်ပြည်နယ်၊ စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌဖလား ခရိုင်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ပြုလုပ်

နေပြည်တော်၊ မေ - ၂၄
    
ရခိုင်ပြည်နယ်၊ စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံ အသက် ၂၁ အောက်နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲနှင့် အသက် ၂၅ နှစ်အောက်  အမျိုးသမီး ဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို မေ ၂၃ ရက် ညနေပိုင်းတွင် စစ်တွေမြို့၊ ဝေသာလီအားကစားကွင်း၌ ပြုလုပ်ရာ ရခိုင်ပြည်နယ်၊ စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဌ ဒေါက်တာ အောင်ကျော်မင်း ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ဒိုင် အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
    
ဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌနှင့် တက်ရောက်လာကြ သူများက ဗိုလ်လုပွဲပွဲစဉ်များအား ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ပထမဆု ရရှိသည့် စစ်တွေခရိုင်အမျိုးသားအသင်းနှင့် ကျောက်ဖြူခရိုင် အမျိုးသမီးအသင်း၊ ဒုတိယဆုရရှိသည့် ကျောက်ဖြူခရိုင်အမျိုးသား အသင်းနှင့် စစ်တွေခရိုင်အမျိုးသမီးအသင်း၊ တစ်ဦးချင်း အကောင်းဆုံးအားကစား သမားဆုရရှိသည့် အားကစားသမားများအား ဆုဖလားနှင့် ငွေသားဆု၊ တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်များကို အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
    
အဆိုပါ ရခိုင်ပြည်နယ်၊ စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌဖလား ခရိုင် ပေါင်းစုံ၊ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲနှင့်အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲများကို  ပြိုင်ပွဲဝင်အသင်း ၅ သင်းစီဖြင့် မေ ၁၄ ရက်မှ ယနေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။