ရတနာမာန်အောင်တောရ ဓမ္မရိပ်သာကျောင်းတိုက်ကြီးများ၏ ဦးစီးပဓာနနာယက မြောက်ဦးဆရာတော်အား အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ဆက်ကပ် လှူဒါန်းပူဇော်
နေပြည်တော်၊ ဧပြီ - ၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက ၂၀၂၂ ခုနှစ်တွင် ဆက်ကပ်လှူ ဒါန်းပူဇော်သည့် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ရရှိတော်မူသော ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဉာဏရပ်ကွက်ရှိ ရတနာမာန်အောင်တောရ ဓမ္မရိပ်သာကျောင်းတိုက်ကြီးများ၏ ဦးစီးပဓာနနာယက မြောက်ဦးဆရာတော် ဘဒ္ဒန္တ ဝါယမိန္ဒ အား ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ကျောင်းတိုက်၌ ပြုလုပ်ရာ သံဃာတော်များကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မြောက်ဦးဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများလျှောက်ထားပြီး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရက ၂၀၂၂ ခုနှစ်တွင် ဆက်ကပ်လှူဒါန်းပူဇော်သည့် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ရတနာမာန်အောင်တောရ ဓမ္မရိပ်သာ ကျောင်းတိုက်ကြီးများ၏ ဦးစီးပဓာနနာယက မြောက်ဦးဆရာတော်ထံ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ၊ အလှူငွေများကို ဆက်ကပ်လှူဒါန်းသည်။