ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း (အမျိုးသား၊ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်

နေပြည်တော်  မေ  ၁၄

ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ ၂ဝ၂၁ ခုနှစ်၊ တိုင်းမှူးဒိုင်း  (အမျိုးသား၊ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့နေ့လယ်ပိုင်းတွင်  ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးတက္ကသိုလ် အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်  ညွန့်ဝင်းဆွေနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင် အသင်းများနှင့် ဒိုင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဗိုလ်လုပွဲ ပွဲစဉ်ဖြစ်သည့် ရန်ကုန်တပ်နယ် ကိုယ်စားပြုအသင်းနှင့် မင်္ဂလာဒုံတပ်နယ်ကိုယ်စားပြု အသင်းတို့၏ ဗိုလ်လုပွဲ ပွဲစဉ်ယှဉ်ပြိုင် ကစားမှုများကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် ဆုပေးပွဲကို   ဆက်လက်ပြုလုပ်ရာ ဒိုင်အဖွဲ့ဝင်များ၊ တစ်ဦးချင်းဆုရရှိ ကြသူများ၊ အသင်းလိုက်ဆု ရရှိကြသူများနှင့် တံခွန်စိုက်ဒိုင်းဆုရရှိသည့်  ရန်ကုန် တပ်နယ်ကိုယ်စားပြု အသင်းတို့အား တိုင်းမှူးနှင့် တာဝန်ရှိသူများက  ဒိုင်းဆုနှင့်ဂုဏ်ပြု ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါတိုင်းမှူးဒိုင်း ဘော်လီဘောပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင် အမျိုးသား အသင်း ၇ သင်း၊ အမျိုးသမီး အသင်း ၇ သင်းတို့ဖြင့် မေ ၁ဝ ရက်မှ ယနေ့အထိ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။