ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ (၅၇)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ ဆုချီးမြှင့်ပွဲကျင်းပ

ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ (၅၇)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ ဆုချီးမြှင့်ပွဲကျင်းပ

 
နေပြည်တော်၊ ဇူလိုင် - ၁၂

 
ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ (၅၇)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ ဆုချီးမြှင့် ခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ အနော်ရထာခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထား သည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် ဝတ်စုံများ ပေးအပ်ပြီး ဆုချီးမြှင့်ပွဲကို ဆက်လက်ပြုလုပ်ရာ ဝတ်စားဆင်ယင်မှုနှင့် စစ်ရေးပြအကောင်းဆုံ ဆုရရှိသူများ၊ အိမ်ထောင်သည် လိုင်းခန်းသန့်ရှင်းရေး အကောင်းဆုံးဆုရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။