ရန်ကုန်တိုင်းစစ်ဌာနချုပ် နွေရာသီမြန်မာ့သိုင်း အခြေခံသင်တန်း(မှီခို) အမှတ်စဉ် (၁/၂၀၂၁) ဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ မေ - ၃

    ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများ နွေရာသီ ကျောင်းပိတ်ရက် ကာလအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချတတ်ပြီး ကျန်းမာကြံ့ခိုင်မှုရှိစေရန် ရည်ရွယ်၍ နွေရာသီမြန်မာ့သိုင်း သင်တန်း(မှီခို)ဖွင့်ပွဲကို ယနေ့နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အနော်ရထာ ခန်းမ၌ပြုလုပ်ရာ တိုင်းစစ်ဌာ နချုပ်မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းသား၊ သင်တန်းသူ များ တက်ရောက်ကြသည်။

   ဦးစွာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက သင်တန်းဖွင့် အမှာစကားပြော ကြားသည်။ထို့နောက် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

    အဆိုပါ နွေရာသီမြန်မာ့သိုင်း အခြေခံသင်တန်းအား သင်တန်းသား၊ သင်တန်း သူ ၇၄ ဦးဖြင့် မေ ၂၅ ရက်အထိ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။