ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများ/လျှပ်စစ်ကြိုးများ သွယ်တန်းမှု စနစ်တကျဖြစ်စေရး ညှိနှိုင်း အစည်းအဝေးပြုလုပ်

ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများ/လျှပ်စစ်ကြိုးများ သွယ်တန်းမှု စနစ်တကျဖြစ်စေရး ညှိနှိုင်း အစည်းအဝေးပြုလုပ်

နေပြည်တော်၊ ဇန်နဝါရီ - ၇

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ရှုပ်ထွေးနေ သော ဆက်သွယ်ရေးကြိုးများ/လျှပ်စစ်ကြိုးများ သွယ်တန်းမှု စနစ်တကျဖြစ်စေရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့်အဖွဲ့ဝင်များ၊ ရန်ကုန်မြို့ တော် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဉက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနေလင်းထွန်းနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။
ဦးစွာ ညှိနှိုင်းအစည်းအဝေးတွင် ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းမှာကြားသည်။ ထို့နောက် ဌာနဆိုင်ရာ တာဝန်ရှိသူများက Power Point များဖြင့် ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက အသီးသီး ဆွေးနွေးတင်ပြကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် က နိဂုံးချုပ် အမှာစကားပြောကြားပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။