ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်အချို့မှ ဒေသခံပြည်သူ များအား ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးဝေလှူဒါန်း

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၁

    COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း သွားလာမှု ကန့်သတ်ချက်များကြောင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရန် အတွက် နယ်မြေခံ တပ်မတော်သားများက ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို အိမ်အရောက် လိုက်လံပေးဝေ လှူဒါန်းလျက်ရှိသည်။

  ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်၊ ဘိုခြံရပ်ကွက်၊၂-ခ ရပ်ကွက်၊ ဈေးရပ်ကွက်၊ အနန်းပင်ရပ်ကွက်၊ မှော်ဘီမြို့နယ်၊ လှည်းငုတ်ချောင်း ကျေးရွာ(အရှေ့)၊ လှည်းငုတ်ချောင်း ကျေးရွာ(အနောက်)၊ ကုလားကြီးကုန်း ကျေးရွာ၊ သရက်ညိုပင်ကျေးရွာနှင့် ရေကျော်ကျေးရွာတို့ရှိ အိမ်ထောင်စု ၅၅ဝဝ စုတို့အတွက် ဆန်နှင့်ဆီ များကို ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများက ပြည်သူများ လက်ဝယ်အရောက် သွားရောက်ပေးအပ်သည်။

   ထို့အတူ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မှင်ပင်ကျေးရွာ၊ အမရပူရမြို့နယ် နှင့် ကြည့်မြင်တိုင် ကျေးရွာအုပ်စု၊ မြင်တော်ကျေးရွာတို့ရှိ အိမ်ထောင်စု ၁၁ဝဝ စုတို့အတွက် ဆန်နှင့်ဆီများကို ယနေ့တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများက ပြည်သူများ လက်ဝယ်အရောက် သွားရောက် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။